(၁၁၈) ❗️ 3p

1.2K 61 1
                                    

U••

[တုံးအသော ကြင်ယာတော်လေးများ]

ပိုင်လီထျန်းနိုးလာသည့်အချိန်တွင်မူ သူ့ကိုယ်ပေါ်၌အလေးချိန်လေးနှစ်ခုရှိနေသည်ကိုခံစားလိုက်ရချေ၏။ ငွေရောင်ဆံနွယ်ပိုင်ရှင်လူငယ်လေးနှစ်ယောက်က သူ့လက်မောင်းနှစ်ဖက်လုံးပေါ်၌ခေါင်းအုံးကာ ရင်ခွင်ထဲတိုးဝင်ရင်း ကွေးကွေးလေးအိပ်ပျော်နေကြလေသည်။ ချန်းရှနှင့်အန်းရှ၏နဖူးလေးကို တစ်လှည့်စီဖွဖွလေးနမ်းလိုက်ရင်း ပိုင်လီထျန်းထံမှရယ်သံသဲ့သဲ့ပင်ထွက်လာသေး၏။

အမှန်၌ ချန်းရှနှင့်အန်းရှကဒီလောက်မလေးလှသည်ဖြစ်ရာ သူထသွားဖို့မခဲယဉ်းလှချေ။ သို့သည့်တိုင်ပိုင်လီထျန်းက အတင်းအကြပ်ထနေမည့်အစား ခဏလောက်အိပ်စက်အနားယူဖို့တွေးလိုက်ချေ၏။ မည်သို့ပင်ဆိုစေကာမူ ရင်ခွင်ထဲမှအနွေးလုံးလေးနှစ်လုံးက အလွန်အိပ်ငိုက်စေသည်လေ။

ဤသို့ဖြင့် သူနောက်တစ်ခါနိုးလာသည့်အချိန်တွင်မူ ဘယ်ဘက်လက်မောင်းပေါ်မှ ချန်းရှကနိုးနေချေပြီ။ သူ့ကိုမြင်တော့ လူငယ်လေးက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်...။ ထို့နောက် ပိုင်လီထျန်းရင်ခွင်ထဲသူရှိနေသည်ကိုသတိထားမိသွားကာ မျက်နှာလေးတစ်ခုလုံးရဲသွားတော့သည်။

"အရှင်..."

ပျာပျာသလဲထထိုင်လိုက်သည့် ချန်းရှက ခေါင်းလေးငုံ့သွားကာ ကြင်ယာတော်တစ်ယောက်၏အမူအကျင့်နှင့်ပြည့်စုံစွာ ရှင်ဘုရင်၏ဝေယျာဝစ္စများအားလုပ်ပေးဖို့ အသင့်အနေအထားတွင်ရှိနေသည်ပင်။ ထိုလှုပ်ရှားမှုကြောင့် အန်းရှလဲနိုးလာကာ လူငယ်လေးကအိပ်ချင်မူတူးဖြင့် သူ့အစ်ကိုပုံစံအတိုင်း အိပ်ယာတစ်ဖက်၌ ခေါင်းလေးငုံ့၍ထိုင်နေချေ၏။

သို့သည့်တိုင် တကယ်တမ်း၌ ခိုးငိုက်နေခြင်းဖြစ်ကြောင်း ပိုင်လီထျန်းရောချန်းရှရောမသိဖို့ မဖြစ်နိုင်ပါချေ။ သူ့ညီ၏မသင့်လျော်မှုကိုကြည့်ရင်း ချန်းရှကတစ်ခုခုကာကွယ်ပြောဆိုပေးချင်သော်ငြား ခပ်ဟဟရယ်နေသည့်ဘုရင်မင်းမြတ်ကိုမြင်လိုက်ရသည့်မို့ သက်ပြင်းသာချ၏။

"အဆောင်တော်ပြန်ဖို့ပြင်ဆင်တော့မလား အရှင်"

အန်းရှကိုမသိမသာလှမ်းနှိုးရင်း မေးလာသော ချန်းရှ၏မေးခွန်းကို ပိုင်လီထျန်းနေရခက်စွာသာပြုံးပြလိုက်ရင်း ဖြည်းဖြည်းချင်းအားပြုကာ ထထိုင်လိုက်ရ၏။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now