အခန်း(၅၈) သုတေသန အဖွဲ့အစည်း

1.2K 133 0
                                    

အခန်း(၅၈) သုတေသန အဖွဲ့အစည်း

"စိတ်မပူပါနဲ့ ပရော်ဖက်ဆာကြီး။ သူကတိ မဖျက်လောက်ပါဘူး။ သူ့ပုံစံက စကားမတည်တတ်တဲ့လူ မဟုတ်လောက်ဘူး"

"မသိပါဘူးကွာ။ ငါ့တို့ဆီက ပါရမီရှင်လေးကို သူများတွေ လုသွားမှာ ကြောက်နေတာ" ပရော်ဖက်ဆာက ဆို၏။ ဘာမဆို ကြိုတွေးထားတာ ပိုကောင်းပါသည်။

တခြား ဆေးဝါးသုတေသန အဖွဲ့အစည်းများကလည်း ဒီလိုပါရမီရှင်မျိုးကို သိမ်းသွင်းဖို့ ကြိုးစားချင်ကြမှာ သေချာသည်။

ထို့ကြောင့် သူတို့ဘက်က အရင်ဆုံး လှုပ်ရှားရမည်။ သူတို့ ဆက်သွယ်နိုင်ပါက စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုချင်သည်။

ဒါက ဘေးအကင်းဆုံးနဲ့ စိတ်အချရဆုံး နည်းလမ်း ဖြစ်ပါသည်။

"ဟုတ်ကဲ့ပါ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်သူနဲ့ ဆက်ပြီး ဆက်သွယ် ထားလိုက်ပါ့မယ်" ချန်းယွီလည်း ထို ဒေါက်တာ F.S အကြောင်းကို အတော်လေး စိတ်ဝင်စားမိသည်။

SCI မှာ ဒေါက်တာ F.S တင်ထားသည့် သုတေသန စာတမ်းကို သူမြင်ပြီးပါပြီ။ တချို့အကြောင်းအရာများအတွက် အကြံဉာဏ်တောင်းချင်ပြီး ဆွေးနွေးချင်မိသည်။

တနင်္လာနေ့ နေ့လည်ခင်းတွင် ကျမ့်ယိလင်လေး နေ့လည်စာ စားပြီးနောက် ဆရာမကို ခွင့်တောင်းခဲ့သည်။ သူမ ဗိုက်နာနေသည်ဟု ဆရာမကို ပြောကာ ဆေးခန်းကို သွားခဲ့ပါသည်။

သို့သော်လည်း သူမ ဆေးခန်းမှာ အကြာကြီး မနေခဲ့ပါ။ ကျမ့်ယိလင်လေး ကျောင်းမှ လစ်ထွက်လာခဲ့ပါသည်။

သူမ ကျောင်းဂိတ်ပေါက်မှ ဘတ်စ်ကား စီးလာခဲ့၏။ လမ်းမှာလည်း ဘတ်စ်ကားတွေ ပြောင်းစီးခဲ့ရပါသည်။

ဟွေ့လင်သုတေသန အဖွဲ့အစည်းက ဟန်းယွမ်မြို့၏ လူနေပါးသော နေရာတစ်ခုတွင် တည်ရှိသည်။ ၇၁၆ လမ်းမကြီးရဲ့ ဂိတ်ဆုံးမှာ ရှိပါသည်။

ဂိတ် ၂ ဂိတ် ၃ ဂိတ်လောက် ကျန်သောအခါ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၂ ယောက်သာ ရှိပါတော့သည်။ တစ်ယောက်က ကျမ့်ယိလင် ဖြစ်ပြီး နောက်တစ်ယောက်က သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ဖြစ်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now