အခန်း(၁၂၀) ပထမဆုံး အလုပ်ဆင်းတဲ့နေ့ (၂)

850 96 1
                                    


ချန်းယွီ ထပ်ပြောလိုက်သေးသည်။ "အများသုံး ရုံးဧရိယာလည်း ရှိသေးတယ်။ အဲ့မှာ သူများတွေနဲ့ စကားပြောဆွေးနွေးမှု လုပ်လို့ရတယ်"

ကျမ့်ယိလင် တစ်ယောက်တည်းနေချင်သည်ဆိုပါက သူမရဲ့ ကိုယ်ပိုင်ရုံးခန်းနဲ့ ဓာတ်ခွဲခန်းထဲမှာ နေလို့ ရပါသည်။

သို့သော်လည်း တခြားသူတွေနဲ့ ဆက်သွယ်ချင်သည် ဆိုပါက အများသုံး ရုံးနေရာမှာ အလုပ်သွားလုပ်နိုင်ပါသည်။

ကျမ့်ယိလင်လေး အများသုံး ရုံးဧရိယာကို ရောက်လာတော့ သူမရဲ့ အလုပ်စားပွဲကို ပြင်ဆင်ပေးထားပြီးသား ဖြစ်သည်။ သူမရဲ့ အလုပ်စားပွဲက လောင်ရွှေအန်းရဲ့ ညာဘက်ခြမ်း၊ ချန်းယွီရဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါသည်။

စားပွဲက သန့်ရှင်းပြီး သပ်ရပ်သည်။ ကွန်ပျူတာသစ် တစ်လုံးကို ပြင်ဆင်ပေးထားသည်။ စားပွဲပေါ်မှာတင်ထားသည့် အမွေးပွအရုပ် အသေးစားလေးများ၊ Anime အရုပ်တန်း ၂ တန်းလည်း ရှိပါသည်။

အမွေးပွရုပ်များက လောင်ရွှေအန်းထားပေးထားတာ ဖြစ်ပြီး Anime ရုပ်များကိုတော့ ချန်းယွီ ထားပေးထားတာ ဖြစ်ပါသည်။

သို့သော်လည်း ကျမ့်ယိလင်က ထိုချစ်စရာ လက်ဆောင်များကို တကယ် ဂရုမစိုက်ပါ။ သဘောကောင်းသော်လည်း ဒီလိုချစ်စရာ ပစ္စည်းတွေကို သူမ သဘောမကျပေ။

သို့သော်လည်း ချစ်ဖို့ကောင်းတဲ့ ပန်းရောင် စာရေးကိရိယာများ၊ အသုံးအဆောင်ပစ္စည်းများ၊ အလှဆင်မှုများစသည့် ကံကြမ္မာများထံမှ သူမ ရှောင်ပြေးလို့ မရသည့်ပုံပင်။ ကျမ့်အိမ်တော်ဟောင်းက သူမအခန်းထဲမှာပဲဖြစ်ဖြစ် သူမရဲ့ကျောင်းလွယ်အိတ်ပဲဖြစ်ဖြစ် အားလုံးက ပန်းရောင်ဖြစ်ပြီး ချစ်ဖို့ကောင်းပါသည်။ အခုတော့ သူမရဲ့ အလုပ်စားပွဲမှာတောင် ချစ်စရာ အလှဆင်မှုများ ရှိနေသည်။

ကျမ့်ယိလင်လေး စားပွဲကို စစ်ဆေးကြည့်ရင်း လောင်ရွှေအန်းရဲ့ အလုပ်စားပွဲမှာ ဂျူပီတာ ပိုစတာများ ရှိနေတာကိုမြင်လိုက်ရ၏။ ဂျူပီတာ ဆိုတာ နာမည်ကြီး Boy Band တစ်ခုဖြစ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now