အခန်း(၁၄၇) ကျမ့်ယုမင်ရဲ့ အားပေးစကား

1.3K 113 1
                                    


ထိုသို့ပြောလိုက်သော်လည်း ကျမ့်ယုမင်နဲ့ တိုက်ခိုက်ရမှာ ကျမ့်ယုကျဲ အနည်းငယ်ကြောက်ရွံ့နေဆဲ ဖြစ်ပါသည်။ အခုချိန်ထိ ကျမ့်ယုမင်နဲ့ ရန်ဖြစ်တိုင်း ကျမ့်ယုကျဲရဲ့ နိုင်ပွဲက သုညသာ ဖြစ်သည်။

"မင်းကံကောင်းသွားတယ်။ နောက်တစ်ခါဆို မင်းကို အမှောက်သိပ်မှာ" ကျမ့်ယုမင်က ကျမ့်ယုကျဲကို တိုက်ခိုက်ချင်နေဆဲပင်။

ခဏလောက်ကြာသောအခါ ကျမ့်ယုမင်က အကြောင်းအရင်းတစ်ခုပေးပြီး ကျမ့်ယုကျဲကို အပြင်ခေါ်လာကာ စကားပြောခဲ့ပါသည်။

သူတို့နှစ်ယောက် ဆေးရုံကော်ရစ်ဒါများတွင် လမ်းလျှောက်ရင်း စကားစမြည်ပြောကြ၏။

"ငါတို့အမေ မင်းနဲ့လိုက်မလာဘူးလား" ကျမ့်ယုကျဲကို ကျမ့်ယုမင် မေးလိုက်သည်။

အစကတော့ အမေဖြစ်သူနဲ့ ပြန်တွေ့ရတော့မည်ဟု ကျမ့်ယုမင် ထင်သွားခဲ့ပါသည်။ သူတို့နှစ်ယောက် ဆုံလိုက်တိုင်း အငြင်းပွားမှုနောက်တစ်ခု ဖြစ်လာတတ်စမြဲပင်။

"မလာပါဘူး။ ကျောင်းဆင်းရင် ငါ့ကို ဆေးရုံလိုက်ပို့ဖို့ ယာဉ်မောင်းကိုပဲ အမေခိုင်းလိုက်တာ။

ဟဲယန် မလာခဲ့ပေ။ အဘွားကျမ့်ရှေ့မှာ ကျမ့်ယုမင်နဲ့ စကားမများချင်ပါ။

ဂုဏ်သတင်းဆိုတာ ဟဲယန်အတွက်တော့ အတော်လေး အရေးကြီးပါသည်။ အဘွားကျမ့်ရဲ့ မကောင်းစာရင်းထဲ ဝင်သွားစေမယ့် လုပ်ရပ်မျိုး ဟဲယန် ဘာမှ မလုပ်ချင်ပါ။

ကျမ့်မိသားစုနဲ့ သူမ လက်ထပ်ပြီးကတည်းက ဂုဏ်သိက္ခာနဲ့ နာမည်တို့အတွက် ယှဉ်ပြိုင်ခဲ့ရသည်။ တခြား ချွေးမ နှစ်ယောက်နဲ့ သူမကိုယ်သူမ ဆက်တိုက် နှိုင်းယှဉ်နေတတ်ပါသည်။

သူမသားတွေနဲ့ ပြဿနာ၊ အငြင်းပွားစရာများရှိသော်လည်း အဘွားကျမ့်နဲ့ တခြား မိသားစုဝင်တွေရှေ့မှာတော့ ထုတ်မပြောချင်ပါ။

"မျက်လှည့်စရာဖြစ်ချင်တဲ့ မင်းအိပ်မက်ကကော" ကျမ့်ယုမင် မေးလိုက်သည်။ သူ့ညီလေး မျက်လှည့်ဆရာ ဖြစ်ချင်မှန်း သူသိပါသည်။

"အမေ သဘောမတူဘူးကွ။ ငါဘာလုပ်ရမှန်း မသိတော့ဘူး..."

ဒီကိစ္စနဲ့ ပတ်သတ်လာရင် ကျမ့်ယုကျဲ လမ်းပျောက်ရပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now