အခန်း(၁၆၂) မိသားစုကို အဘွားကျမ့် ဆုံးမခြင်း (၂)

935 91 0
                                    


အဘွားကျမ့် ဒေါသဆက်ပေါက်ကွဲသည်။

ဆူခံနေရသည့် ၃ ယောက်သား ပြောစရာစကား တစ်ခွန်းမှမရှိတော့ပေ။ သူတို့ရဲ့ လုပ်ရပ်တွေကို မကာကွယ်နိုင်တော့ပါ။

အဘွားကျမ့်က ဒေါသတကြီး ဆက်ပြောသည်။

"နင်တို့ အကျပ်ရိုက်တာကို ငါနားလည်တယ်။ နှစ်ယောက်စလုံးက နင်တို့ကလေးတွေပဲ။ ယွင်နော် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တာ ငါသိတယ်။ ပြီးတော့ ယိလင်လေးနဲ့ယှဉ်ရင် သူက နားလည်မှုပိုရှိပြီး အသိစိတ်ပိုရှိတယ်။ အဲ့တာကြောင့် နင်တို့အားလုံးက ယွင်နော်ကို ယုံကြည်ဖို့ပဲ ဆုံးဖြတ်ကြတယ်။ ဒါပေမယ့် တတိယဖြစ်နိုင်ချေတစ်ခုခု ရှိတယ်လို့ ဘာလို့များ မစဉ်းစားခဲ့ကြတာလဲ။ သူတို့နှစ်ယောက်စလုံး မမှားဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အခုအခြေအနေက အဲ့လို ဖြစ်လာပြီမဟုတ်ဘူးလား။ အရင်တုန်းက နင်တို့ ဘာလုပ်နေခဲ့ကြလဲ။ ရူးနေလား"

တတိယဖြစ်နိုင်ချေက နိမ့်သော်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ယခုတော့ တတိယဖြစ်နိုင်ချင် တကယ်ကြီး ဖြစ်လာပါပြီ။ သူတို့မိသားစုထဲမှာမှ ဖြစ်လာခဲ့သည်။

ကျမ့်ယွင်နော်ကို ယုံကြည်တဲ့အတွက် သူတို့ ၃ ယောက်ကို အဘွားကျမ့် အပြစ်မတင်ချင်ပါ။ သူက သူတို့ရဲ့ သားဖြစ်သည်။ သူမရဲ့ မြေးလည်းဖြစ်သည်။ ယုံကြည်ထိုက်တဲ့ ကလေးတစ်ယောက် ဖြစ်၏။

သို့သော်လည်း ကျမ့်ယိလင်လေးကတော့ သူမနဲ့ထိုက်တန်တဲ့ ယုံကြည်မှုကို မရခဲ့တာ အဘွားကျမ့် စိတ်တိုပါသည်။

တစ်ချိန်တည်းမှာပင် အဘွားကျမ့်က ကိုယ့်ကိုယ်ကိုလည်း အလွန်ဒေါသထွက်နေသည်။ အရင်တုန်းက သူမရဲ့ အမြင်ကို ဆက်လက် ခေါင်းမာမနေခဲ့တာ သူမ ဒေါသထွက်မိသည်။

ထိုအချိန်တွင် အဘွားကျမ့် ပြောလိုက်၏။ "ငါသာ နှစ် ၂၀ လောက် ပိုငယ်ရင် အကုန်လုံးကို ကုမ္ပဏီထဲက ကန်ထုတ်ပစ်လိုက်ပြီ! အကုန်လုံးက အရမ်းကို တုံးအကြတယ်! နင်တို့ရဲ ဉာဏ်ရည်မျိုးနဲ့ ငါမသေခင် ငါ့ကုမ္ပဏီကြီး အကြွေးတင်သွားမယ်လို့တောင် ထင်မိတယ်"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now