အခန်း(၁၁၇) အစီအစဉ်တွေ ချပြီးပြီ

791 99 0
                                    

သို့သော်လည်း ကျမ့်ယိလင်် ဒါမျိုး ထပ်လုပ်မှာကို ကျီမင်စိုးရိမ်ဖို့ မလိုပါ။

ကျမ့်ယိလင်က "တစ်ချက်တည်းပါ" ဟုပြောခဲ့တာပဲ မဟုတ်လား။

ဆိုဖာပေါ်မှာ ကျမ့်ယိလင်နဲ့ ကျိုက်ယွင်ရှန်းတို့ ထိုင်နေရသည့် တစ်ခုတည်းသော အကြောင်းအရင်းက ကျီမင်ရဲ့ စိတ်ရင်းနဲ့ တောင်းပန်မှုကို ကြားချင်တာကြောင့် ဖြစ်ပါသည်။

ထိုအချိန်တွင် ယွီရှိ၏ ဖုန်း အသံတစ်ခု မြည်လာ၏။ မက်ဆေ့တစ်စောင် ဝင်လာခြင်း ဖြစ်ပါသည်။

ဖန်သားပြင်ပေါ်က မက်ဆေ့ကို မြင်သောအခါ ယွီရှိ ရင်တုန်သွားရသည်။

ပေကျင်းမြို့ရှိ လူတစ်ယောက်ထံက မက်ဆေ့ ဖြစ်ပါသည်။

ယွီရှိ သတိကြီးကြီးဖြင့် မက်ဆေ့ကို ဖွင့်ကြည့်လိုက်သည်။

သေချာပါသည်။ သခင်ကြီးကျိုက်က အခြေအနေ တိုးတက်မှုအကြောင်းကို မေးမြန်းခြင်း ဖြစ်သည်။ ဆရာရှန်းနဲ့ ကောင်မလေးတစ်ယောက် မိတ်ဆက်ပေးပြီးပြီလားဆိုတာကို သခင်ကြီးကျိုက် သိချင်နေပါသည်။

အရင်တစ်ခေါက်က သူ့အခြေအနေကို ယွီရှိလည်း မသဲမကွဲဖြစ်ခဲ့ရ၏။ သူစီစဉ်နေကာ ဘာလုပ်ရမှန်း သိပါသည်ဟုသာ အမြဲတမ်း ပြန်ပြောခဲ့၏။

သို့သော်လည်း ဒီလိုစကားတွေပဲ ဆက်တိုက် ပြောနေပါက သခင်ကြီးကျိုက် ကျိန်းသေပါက် ဘဝင်မကျ ဖြစ်လာလိမ့်မည်။

မက်ဆေ့ကို ဖတ်နေတုန်း ယွီရှိ ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။

လောလောဆယ် ဆိုဖာပေါ်မှာ ကျိုက်ယွင်ရှန််းဘေး ထိုင်နေသည့် ကျမ့်ယိလင်လေးကို လှမ်းကြည့်လိုက်သည်။ ဒီတစ်ခေါက် သခင်ကြီးကျိုက်ကို လိပ်ပြာလုံလုံနဲ့ စာပြန်နိုင်ပါပြီ။

[အစီအစဉ်တွေ ချပြီးပါပြီ]

ကျိုက်မိသားစုက ယွီရှိကို ဆရာရှန်းအား 'ရိုးသားတဲ့' ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ တာဝန် ပေးထားသည်။ ယိလင်လေးကိုလည်း ထိုကဲ့သို့ ကောင်မလေးမျိုးဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း သူမက 'ငယ်ရွယ်'လွန်းပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now