အခန်း(၁၄၃) ငါ့နာမည်ကိုလည်း ဂရုစိုက်ဖို့ လိုသေးတယ်

1.2K 99 1
                                    


"ဘုရားရေ! တကယ်ကြီး ရှီးမင်ယုလား! ဂျူပီတာထဲက ရှီးမင်ယုပဲ!!"

လောင်ရွှေအန်းရဲ့ မျက်လုံးတွေ စိတ်လှုပ်ရှား ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရသည်။ ချန်းယွီကို နောက်ပြန်ဆွဲလိုက်ပြီး လည်ပင်းကို သူမလက်မောင်းဖြင့် အတင်းညှစ်ထားလေသည်။

"ချန်းယွီ! မြန်မြန်ကြည့်လိုက်စမ်း! ရှီးမင်ယုပဲ!!"

"အစ်မအန်း လက်မှတ်သွားတောင်းသင့်တယ်... အဲ့တာ ကိုယ့်အိုင်ဒေါကို တွေ့ရင် သာမန်လူတွေ လုပ်တတ်တာမျိုး..." ချန်းယွီ အသံတင်းတင်းကြပ်ကြပ်ဖြင့် ပြောလိုက်သည်။ စကားပြောဖို့နေနေသာသာ သူအသက်ရှူဖို့တောင် ခက်နေပါသည်။

သူ့ကို လည်ပင်းညှစ်မည့်အစား လက်မှတ်တောင်းတာကမှ သာမန်ပိုဆန်တဲ့ လုပ်ရပ်မဟုတ်ဘူးလား။

"သြော် ဟုတ်သားပဲ! ငါလက်မှတ်လိုချင်တယ်! ဓာတ်ပုံလည်းအတူတူ ရိုက်ချင်တယ်"

လောင်ရွှေအန်း အသိစိတ်ပြန်ဝင်လာတာနဲ့ သူမ အိတ်ကပ်ထဲ နှိုက်လိုက်သည်။ သို့သော်လည်း အိတ်ကပ်ထဲမှာ ဘောပင်နဲ့ စာရွက်ရှိမနေပါ။

သူမ လက်မှတ်မရနိုင်ရင် ဓာတ်ပုံတော့ အတူတူရိုက်မှဖြစ်မည်။ လောင်ရွှေအန်း ဖုန်းမြန်မြန်ထုတ်လိုက်၏။

လောင်ရွှေအန်း သူနဲ့ ဓာတ်ပုံရိုက်ချင်တာကို မြင်သောအခါ ကျမ့်ယုမင်တစ်ယောက် ယိလင်လေးရဲ့ ကုတင်ပေါ် တက်ကာ စောင်ကိုဆွဲပြီး ခေါင်းမြှီးခြုံထားလိုက်လေသည်။

ပရိတ်သတ်တွေဆုံးရှုံးတာ ကိစ္စမရှိပေ။ သို့သော်လည်း သူ့နာမည်ကိုတော့ ထိန်းသိမ်းရပါမည်။

သူက အိုင်ဒေါတစ်ယောက် မဟုတ်ဘူးလား။

ကျမ့်ယိလင်လေး သူမရှေ့က စောင်လုံးကြီးကို ငုံ့ကြည့်လိုက်သည်။

ကျမ့်ယုမင်ကို အပြည့်အဝဖုံးထားနိုင်အောင် သူမ စောင်ကိုပြင်ခြုံပေးလိုက်ပါသေးသည်။

ချန်းယွီက နှာခေါင်းပွတ်ကာ ပြောလိုက်၏။ "အစ်မအန်း။ နင့်အိုင်ဒေါကို အောင်အောင်မြင်မြင်နဲ့ လန့်ပြေးအောင် လုပ်နိုင်သွားပြီပဲ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now