အခန်း(၁၉၆) လုံခြုံရေးဗီဒီယိုကို လူတိုင်းမြင်အောင် လုပ်ခြင်း (၂)

943 99 0
                                    


"ဘုရားရေ အရင်ဘဝက မင်းဆီမှာ ဘာအကြွေးတွေ တင်ခဲ့လို့များလဲကွာ"

ဖုန်းတဖက်မှ ဟွေ့ယူရဲ့ ပူဆွေးနေတဲ့အသံကြီး ထွက်လာခဲ့ပါသည်။ ထို့နောက် ၇ မိနစ် ၈ မိနစ်လောက် ဒုက္ခခံလိုက်ရသည်။

"အိုကေ အိုကေ။ ပြီးသွားပြီ။ မင်းအရင်က လုပ်ခိုင်းထားတဲ့အတိုင်းပဲ။ အွန်လိုင်းပေါ်တက်ပြီး စစ်ကြည့်လိုက်။ တခြား ဘာမှမရှိတော့ရင် ငါပြန်အိပ်တော့မယ်။ ကျေးဇူးပြုပြီး မွန်းတည့်ချိန် မရောက်ခင် ထပ်မနှိုးပါနဲ့တော့ကွာ"

ဟွေ့ယူ အကျယ်ကြီး သန်းဝေလိုက်ပါသည်။

ထို့နောက် လေသံတိုးတိုးဖြင့် ပွစိပွစိပြောလိုက်လေသည်။ "နေ့ဘက်မှာလည်း မင်းကုမ္ပဏီအတွက် ကြိုးစားပမ်းစား လုပ်ရသေး၊ အခု ညဘက်ရောက်ပြန်တော့လည်း ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်နဲ့ ငါကိုလာနှိုးသေးတယ်... တစ်နေ့နေ့တော့ အလုပ်လုပ် လွန်ပြီး ငါသေတော့မှာပဲ"

ထို့နောက် ဟွေ့ယူ ဖုန်းချလိုက်ပါသည်။

ဟွေ့ယူရဲ့ စကားကို ကြားပြီးနောက် ကျမ့်ယွင်ချန်း ရှန်းဟွာအထက်တန်းကျောင်း Campus Forum ကို ဖွင့်ကြည့်လိုက်ပါသည်။ ဟွေ့ယူရဲ့ ကိုယ်ပိုင် အကောင့်နဲ့ တင်ထားတဲ့ ပို့စ်ကို မြင်လိုက်ရပါသည်။

ထိုပို့စ်ရဲ့ ခေါင်းစဉ်က :

[ကျမ့်ယိလင် မဟုတ်မမှန်စွပ်စွဲခံရခြင်း၊ ကျမ့်ယွင်နော်ရဲ့ ဒဏ်ရာနောက်ကွယ်က အဖြစ်မှန်၊ မတော်တဆမှုလုံခြုံရေးဗီဒီယိုအား လူထုရှေ့ချပြခြင်း]

ပို့စ်ရဲ့ Content ကလည်း မတော်တဆမှု ဗီဒီယို အပြည့်အစုံပဲ ဖြစ်သည်။ ကျမ့်ယွင်နော် လှေကားပေါ်က ပြုတ်ကျသွားတဲ့ နေရာအထိ ပါသည်။

ဟွေ့ယူက ပို့စ်ကို Campus Forum ပေါ်မတင်ခင် အယ်လ်ဂိုရစ်သမ် တချို့ကို ကလိခဲ့သေးသည်။ ထို့ကြောင့် ပို့စ်ကို ဘယ်သူမှ Follow လုပ်မထားရင်တောင် စာရင်းရဲ့ ထိပ်ဆုံးကို ရောက်နေလိမ့်မည်။ လော့အင်ဝင်လာတဲ့လူတိုင်း ပို့စ်ကကို ချက်ချင်း မြင်သွားစေဖို့ဖြစ်ပါသည်။

ထို့အပြင် ဟွေ့ယူက မတင်ရသေးတဲ့ နောက်ထပ် Thread တစ်ခုကိုလည်း ဖန်တီးပြီးသွားပါပြီ။ ဒီပို့စ်မှာတော့ ကျမ့်ယိလင်ကို မဟုတ်မှန်စွပ်စွဲခဲ့တဲ့ လူရဲ့ အချက်အလက်အကြောင်း ဖော်ပြထားသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now