ကျမ့်ယိလင်ကို ဆက်သွယ်လာသည့် တဖက်လူက သူမကို ဗီဒီယို ပို့ပေးလိုက်ပါသည်။ ဗီဒီယိုထဲတွင် ဟဲယွင်ရှန်းအပန်းဖြေဟိုတယ်တွင် လုံခြုံရေးမှတ်တမ်း တာဝန်ရှိသူ၏ ဝန်ခံချက် ပါဝင်သည်။
ကျမ့်ယိလင် နားကြပ်တပ်လိုက်ပြီး ထိုလူရဲ့ ဝန်ခံချက်ကို နားထောင်လိုက်ပါသည်။
ဟဲယန်က သူ့ကို ပိုက်ဆံအများကြီး ပေးခဲ့ပြီး မတော်တဆဖြစ်ပြီးတာနဲ့ ဟန်းယွမ်မြို့က ထွက်သွားဖို့ ပြောခဲ့သည်ဟု ဝန်ခံထားသည်။ သူမနဲ့ ဆက်သွယ်ထားတဲ့ မှတ်တမ်းတွေအားလုံးကိုလည်း ဖျက်ခိုင်းခဲ့ပါသေးသည်။
ဟဲယန်က ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ အလွန် သတိကြီးသည်။ ထို့ကြောင့် ခြေရာခံလို့ရတဲ့ သဲလွန်စ အလွန်နည်းသည်။
ကျမ့်ယိလင်လေး ဗီဒီယိုကို သူမဖုန်းထဲ Save ထားလိုက်သည်။
ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ကျမ့်ယိလင်လေး ပြန်ဖြေလိုက်ပါသည်။ [ရှင်တို့ရဲ့ တောင်းဆိုချက်ကို လက်ခံပါ့မယ်။ ဒါပေမယ့် အဲ့ဒီလူကို ကျွန်မ အရင် တွေ့ချင်သေးတယ်]
တဖက်လူရဲ့ တောင်းဆိုချက်များကို ကျမ့်ယိလင် သဘောတူလိုက်ပါသည်။ သို့သော်လည်း သူမတောင်းဆိုထားတဲ့ အရာကို အရင်ဆုံးရယူရမည်။ လုံခြုံရေးမှတ်တမ်းအကြောင်း ပြောပြရုံတစ်ခုတည်းနဲ့ မလုံလောက်ပါ။
[ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ သူ့ကို စောင့်ကြည့်ထားလိုက်မယ်။ ဟန်းယွမ်မြို့ကနေ ထပ်ထွက်ပြေးဖို့ အခွင့်အရေး မရှိစေရဘူး။ ပြီးတော့ ခင်ဗျားအတွက် လုံခြုံရေးမှတ်တမ်းကိုလည်း အမြန်ဆုံးရှာပေးပါ့မယ်]
ကျမ့်ယိလင်နဲ့ယှဉ်ရင် တဖက်လူက ဒီကိစ္စနဲ့ပတ်သတ်ပြီး ပိုစိတ်ပူနေသည့်ပုံပေါက်ပါသည်။
[ကောင်းပါပြီ] ကျမ့်ယိလင် ပြန်ဖြေလိုက်၏။
[ဒါနဲ့ ကျွန်တော်တို့အပြင် ဒီလူ့ကို ရှာနေတဲ့တခြားတစ်ယောက်လည်း ရှိသေးတယ်]
တဖက်လူက ကျမ့်ယိလင်ထံမှ ဘယ်အချက်အလက်ကိုမှ ဖုံးကွယ်မထားဖို့ ဆုံးဖြတ်ထားပါသည်။
VOCÊ ESTÁ LENDO
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]
RomanceEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...