အခန်း(၁၁၉) ပထမဆုံး အလုပ်ဆင်းတဲ့နေ့ (၁)

698 80 1
                                    


ချင်းချွမ်ရဲ့ ညှိုးနွမ်းနေသော မျက်လုံးများက ကားထဲကို ထပ်ကြည့်လိုက်ပြန်သည်။ လောင်ရွှေအန်းရဲ့ ပြတ်သားတဲ့ သဘောထားကို မြင်လိုက်ရသောအခါ ထပ်ဆွေးနွေးဖို့ ဖြစ်နိုင်မှာ မဟုတ်တော့မှန်း နားလည်လိုက်ရပါသည်

သူမရဲ့ သဘောထားကို အတည်ပြုပြီးနောက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပါသည်။

ကျမ့်ယိလင်လေးကို တွေ့ရတာ ချင်းချွမ် ဇဝေဇဝါ ဖြစ်သွားသော်လည်း သူက ကျမ့်မိသားစု ငွေပေးငှားထားတဲ့ ကျူရှင်ဆရာတစ်ယောက်သာ ဖြစ်မှန်း ကိုယ့်ကိုယ်ကို သိပါသည်။

ကျမ့်ယိလင်လေးက သူမနဲ့ ဟွေ့လင်းဆေးဝါးသုတေသနအဖွဲ့အစည်းကြားက ဆက်ဆံရေးကို ထုတ်ပြောစရာ အကြောင်းမရှိပါ။ သူမကို မေးခွန်းတွေထပ်မေးပြီး သူ့အမေကို ကူညီပေးဖို့ တောင်းဆိုခွင့်မရှိတာကိုလည်း နားလည်ပါသည်။

ချင်းချွမ် လမ်းဖယ်ပေးလိုက်တာကို မြင်ပြီး လောင်ရွှေအန်းလည်း လီဗာကို နင်းလိုက်ပါသည်။ အဖွဲ့အစည်းရဲ့ ဂိတ်တံခါးထဲ ကားဝင်သွားပြီးနောက် တခြားသူတွေနဲ့ ရှင်းစရာ မလိုတော့ပါ။ အပြင်လူတွေ ဘာတွေတွေ အရေးမကြီးပေ။

လောင်ရွှေအန်း ကားရပ်ပြီးနောက် အရင်ဆင်းလိုက်သည်။ ကားကို ပတ်လျှောက်သွားပြီး ဟိုဘက်တံခါးမှာ သွားစောင့်နေလိုက်သည်။

ကျမ့်ယိလင်လေး ကားပေါ်က မဆင်းနိုင်မှာကို စိုးရိမ်နေတာကြောင့် ဖြစ်ပါသည်။

သို့သော်လည်း ကျမ့်ယိလင်လေးရဲ့ မာနကိုလည်း မထိခိုက်စေချင်ပေ။

ထိုအကြောင်းအရင်းကြောင့် လောင်ရွှေအန်းက ကားဘေးမှာ ရပ်နေပြီး ကျမ့်ယိလင်လေးကို စောင့်ကြည့်နေပါသည်။ ကျမ့်ယိလင်လေး အခက်အခဲ တစ်စုံတစ်ရာ ကြုံပါက သူမ ချီပြီး ကားပေါ်က ချပေးလို့ရပါသည်။

သို့သော်လည်း ကျမ့်ယိလင်လေးက လောင်ရွှေအန်းကို ချီခွင့်တောင် မပေးဘဲ ကားပေါ်က ခုန်ချလိုက်ပြီး မြေပေါ် ခိုင်ခိုင်မာမာ ရပ်လိုက်နိုင်ပါသည်။

ကားပေါ်တက်တာ နည်းနည်းဒုက္ခများသော်လည်း ဆင်းတာက ပြဿနာကြီးကြီးမားမားမရှိပါ။ သူမ ဒီတိုင်း ခုန်ချလိုက်လို့ ရပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now