အခန်း(၁၂၂) လပတ်စာမေးပွဲ ရလဒ် (၁)

668 81 0
                                    


ချန်းယွီ Case ကို လက်ခံလိုက်တာနဲ့ သုတေသနအဖွဲ့အစည်း ဝန်ထမ်းက ချင်းချွမ်ရဲ့ အမေကိုတင်ထားသည့် ဆေးရုံအား ဖုန်းဆက်ခဲ့ပါသည်။

ထိုအချိန်တွင် ချင်းချွမ်က ဘတ်စ်ကားပေါ်မှာ ထိုင်နေပါသည်။ သုတေသနအဖွဲ့အစည်းမှ ခုလေးတင် ပြန်လာတာ ဖြစ်သည်။

ဖုန်းဝင်လာတော့ သူအနည်းငယ် ကြက်သေသေသွားရသည်။

"မစ္စတာချင်း နားထောင်နေရဲ့လားဗျ'

"သြော် ဟုတ်ကဲ့။ ပြောပါဗျ" ချင်းချွမ် ပြန်ပြောလိုက်လေသည်။ ခပ်မြန်မြန်ပဲ သူ့အတွေးရထားတွဲကြီးထံမှ ပြန်ထွက်လာခဲ့သည်။ စိတ်ခံစားချက်များကြောင့် သူ့အသံတောင် အနည်းငယ် တုန်ယင်သွားပါသည်။

"ခင်ဗျားရဲ့အမေကို ကျွန်တော်တို့ အဖွဲ့အစည်းဆီ ရွှေ့ပြောင်းဖို့ လိုပါလိမ့်မယ်။ ကျေးဇူးပြုပြီး လူနာရွှေ့ပြောင်းဖို့နဲ့ သက်ဆိုင်ရာ ခွဲစိတ်ကုသမှုအတွက် စာရွက်စာတမ်းတွေကို အမြန်ဆုံး ပြင်ဆင်ပေးထားပါ"

"ဟုတ်ကဲ့ နားလည်ပါပြီဗျ"

"မစ္စတာချင်း တခြား မေးစရာရှိသေးလား။ မရှိတော့ရင် ခင်ဗျားရဲ့အမေကို ရွှေ့ပြောင်းပြီးတာနဲ့ ပြန်ပြီး ဆက်သွယ်လိုက်ပါ့မယ်"

"ကျွန်တော် တစ်ခုလောက် မေးလို့ရမလား"

"မေးပါ"

"ဘာလို့ ကျွန်တော့်အမေရဲ့ Case ကိုရုတ်တရက်ကြီး လက်ခံလိုက်ရတာလဲ"

"ကျွန်တော်တောင်းပန်ပါတယ်ဗျ။ အဲ့မေးခွန်းကိုတော့ ဖြေပေးလို့ မရပါဘူး။ ကျွန်တော်က ခင်ဗျားကို ဆက်သွယ်ဖို့ပဲ တာဝန်ယူထားတဲ့လူပါ။ ခင်ဗျားအမေရဲ့ Case ကို ဘာကြောင့်လက်ခံလိုက်သလဲ ဆိုတာကတော့ ကျွန်တော်တို့ သုတေသနအဖွဲ့အစည်းရဲ့ သုတေသနပညာရှင်တွေ ဆုံးဖြတ်တဲ့ ကိစ္စပါ။ အဲ့တာကြောင့် ခင်ဗျားရဲ့ မေးခွန်းအတွက် ကျွန်တော့်မှာ အဖြေမရှိပါဘူး"

"ဟုတ်ကဲ့ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်"

ဖုန်းချပြီးနောက် အဖွဲ့အစည်းက ဘာကြောင့် သူ့အမေရဲ့ Case ကိုရုတ်တရက်ကြီး သဘောတူလိုက်တာလဲဆိုတာကို ချင်းချွမ် စဉ်းစားမိလေသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now