အခန်း(၁၁၄) Boy Band တစ်ခုနဲ့ တွေ့ဆုံခြင်း

718 83 0
                                    


ကျိုက်ယွင်ရှန်းနဲ့ ကျမ့်ယိလင်တို့ ကားထဲမှ တည်တည်ငြိမ်ငြိမ် ထွက်လာကြသည်။

ထို့နောက် အနီးနားရှိ တိုက်ခန်းတစ်ခုဆီ အတူတူ လျှောက်သွားကြပါသည်။

ကျမ့်ယိလင်လေးအတွက် ကျိုက်ယွင်ရှန်း ရှာပေးထားသည့် လူသားသဲအိတ်ဆိုတာ ထိုနေရာတွင် နေထိုင်ပုံရသည်။

ယွီရှိ နှလုံးခုန်နှုန်းပြန်တည်ငြိမ်သွားပြီးနောက် သက်ပြင်းချလိုက်ပြီး ကံစီမံရာအတိုင်းသာ လိုက်နာခဲ့တော့သည်။ သူတို့နှစ်ယောက်အနောက်ကို လိုက်လာခဲ့ပါသည်။

ကိုယ့်ကိုယ်ကို ပြောလိုက်သေးသည်။ ဒီကိစ္စပြီးရင် သူတို့နှစ်ယောက် သူ့ကို စိန်ခေါ်သူအဆင့်ထိရောက်အောင် ဂိမ်းကူဆော့ပေးရမည်။ ခုနက ခံစားခဲ့ရတာတွေအတွက် လျော်ကြေး လိုအပ်ပါသည်။

ကျမ့်ယိလင်လေးတို့ လူနေတိုက်ထံသို့ လျှောက်နေစဉ် အနီးနားရှိ ဟိုတယ်တစ်ခု၏ ဝင်ပေါက်၌ လူအုပ်ကြီးတစ်အုပ်ဖြင့် စုပြုံပြည့်ကြပ်နေလေသည်။

အားလုံးက လက်ထဲမှာ မိုဘိုင်းဖုန်းများ၊ ကင်မရာများကို ကိုင်ထားသည်။ မီးအလင်းရောင်များက တဖျပ်ဖျပ် လင်းလက်နေပါသည်။

ထိုလူတွေရဲ့ စိတ်အားထက်သနမှုနဲ့ တက်ကြွမှုတွေကို အဝေးကတောင်ခံစားမိသည်။

ဟိုတယ်ထဲမှ ဝတ်ကောင်းစားလှဝတ်ထားပြီး ဆွဲဆောင်မှုရှိတဲ့လူတချို့ ထွက်လာသည်။ သူတို့ပုံစံက ဆယ်လီတွေဖြစ်တဲ့ပုံပင်။ သူတို့အုပ်စုကို လုံခြုံရေးတချို့က ကာကွယ်ပေးထားသည်။

ကျမ့်ယိလင်လေးလည်း လူအုပ်ကြီးရှိရာဘက်ကို လှမ်းကြည့်လိုက်သည်။ လူတစ်ယောက်ကို မြင်သွားသောအခါ သူမ ခြေလှမ်းများ ရပ်တန့်သွားရ၏။

ကျမ့်ယိလင်ရပ်သွားတာကို မြင်သောအခါ ယွီရှိလည်း ရပ်တန့်သွားပါသည်။ ကျမ့်ယိလင်လေး ဘာလို့ ဆက်မလျှောက်တော့တာလဲ စိတ်ဝင်စားသွား၏။ ထို့ကြောင့် သူမအကြည့်နောက် လိုက်ကြည့်ခဲ့သည်။

အခြေအနေကို မြင်ပြီးနောက် ယွီရှိ ပြောလိုက်ပါသည်။ "သြော် Boy Band တစ်ခုက ပရိတ်သတ်တွေနဲ့ တွေ့နေတာကိုး။ သူတို့အဖွဲ့နာမည်က ဘာပါလိမ့်။ ငါမမှတ်မိဘူး"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Onde as histórias ganham vida. Descobre agora