အခန်း(၁၇၇) ညလယ်စာ ပို့ပေးခြင်း

898 95 0
                                    


"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါဆိုလည်း ကံကောင်းပါစေ" သင်ကြားရေးခေါင်းဆောင်ကြီး ပြန်ပြောလိုက်သည်။ ကျမ့်ယိလင်ကို ပြောစရာစကား ဘာမှမရှိတော့ပေ။

သူပြောချင်တဲ့စကားတွေက စာသင်ခန်းထဲမှာ မသင့်တော်ပေ။

ထို့အပြင် သင်ကြားရေးခေါင်းဆောင်ကြီးက ကျမ့်ယိလင်ကြောင့်နဲ့ အချိန်တွေ ထပ်မဖြုန်းချင်ပါ။

ဓာတုဗေဒစွမ်းရည်ပြိုင်ပွဲ ရလဒ်တွေ ကြေညာတဲ့အခါ သူမနာမည်ကိုလျစ်လျူရှုဖို့ အကောင်းဆုံး ကြိုးစားပါမည်။ ဒီအချိန်ကို သူတို့ကျောင်းက ထိပ်တန်းကျောင်းသားတွေအတွက် သုံးလိုက်တာ ပိုကောင်းပါသည်။ သူတို့က ဓာတုဗေဒစွမ်းရည်ပြိုင်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေး ပိုများ၏။

ပြောပြီးတာနဲ့ သင်ကြားရေးခေါင်ဆောင်ကြီး စာသင်ခန်းထဲက ထွက်သွားလေသည်။ များများစားစား မပြောခဲ့သော်လည်း ကျမ့်ယိလင်လုပ်နေတာတွေကို မကြိုက်မှန်း မြင်သာပါသည်။

--- --- ---

ဓာတုဗေဒစွမ်းရည်ပြိုင်ပွဲအတွက် စာရင်းသွင်းပြီးကတည်းက မိုရှစ်ယွင် မေးခွန်းများလေ့ကျင့်ဖို့ အာရုံစိုက်ထားခဲ့သည်။

စာမေးပွဲမတိုင်ခင် စီနီယာဓာတုဗေဒအသင်းမှ ပြင်ဆင်ပေးထားသည့် စာရွက်စာတမ်းအားလုံးကို ပြီးအောင် လေ့လာဖို့ ရည်ရွယ်ထားပါသည်။

ဒါက မိုရှစ်ယွင်အတွက် အပိုဝန်ထုပ်ဝန်ပိုး တစ်ခုလိုပင်။သူမက အထက်တန်း နောက်ဆုံးနှစ်ကို ရောက်နေပြီ ဖြစ်သည်။

နေ့တိုင်း မနက် ၁ နာရီအထိ စာလေ့လာရသည်။ သူမ ပုံစံမှာ အလွန်ပိန်ပါးပြီး ဖြူဖပ်ဖြူရော်ဖြစ်လာခဲ့လေသည်။

သမီးဖြစ်သူရဲ့ အခက်အခဲများကို မြင်သောအခါ ဒေါ်လးမို စိတ်မကောင်းဖြစ်သွားရ၏။

သို့သော်လည်း သမီးဖြစ်သူအတွက် အားဖြည့်စာများကို ချက်ပြုတ်ပေးဖို့ကလွဲပြီး တခြားဘာမှ လုပ်လို့မရတော့ပါ။

ဒေါ်လေးမို ညလယ်စာ မှာယူတော့ အပိုတစ်ခု ဝယ်လိုက်သည်။

"ရှစ်ယွင်၊ သခင်လေး ယွင်နော်ကို သွားကျွေးလိုက်ပါလား"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now