အခန်း(၁၅၁) မကြောက်နဲ့ ငါရှင်းလိုက်မယ် (၁)

909 86 0
                                    


သူ့စကားပြောပုံကို ကြည့်ခြင်းအားဖြင့် ထိုလက်ဆောင်မှာ အင်တာနက်ကတဆင့် ယူရမည့် သဘောဟု ကျမ့်ယိလင်ယူဆလိုက်ပါသည်။

"ကောင်းပါပြီ" ကျမ့်ယိလင့် ပြန်ဖြေလိုက်၏။

ထိုလူတွေလည်း ကြာကြာမနေခဲ့ပါ။ ကျမ့်ယိလင်လေးနဲ့ စကားအနည်းငယ် ဖလှယ်ပြီး အခန်းထဲမှ ပြန်ထွက်လာကြပါသည်။

သို့သော်လည်း အဖိုးတန်လက်ဆောင်များစွာကို ချန်ထားပေးခဲ့သည်။

ကျမ့်မိသားစုက ဒီလို စျေးကြီးတဲ့ လက်ဆောင်များစွာကို မြင်နေကျဖြစ်ပါသည်။ ဝမ်းနွမ်က ပြည့်စုံတဲ့ မိသားစုက ဖြစ်သဖြင့် ဒီလို လက်ဆောင်ပေါင်းများစွာကို မြင်ဖူးသည်။

သို့သော်လည်း သာမန်ဖျားနာတာလေးအတွက် ဒီလောက် လက်ဆောင်တွေပေးတာ အနည်းငယ် ထူးဆန်းနေပါသည်။ တဖက်လူရဲ့ ရက်ရောမှုက သူတို့ကို သံသယဝင်စေသည်။

ဒီလိုလက်ဆောင်မျိုးတွေပေးနိုင်တဲ့ ဘယ်သူမဆို လူ့ပတ်ဝန်းကျင်မှာ အတော်လေး အဆင့်အတန်း မြင့်မားသူ ဖြစ်လိမ့်မည်။

ထို့ကြောင့် သူမ သမီးထံ သတင်းလာမေးသွားသော လူတွေကို ဝမ်းနွမ်အနည်းငယ် သံသယဝင်သွားသည်။ သူမသမီးရဲ့ နုနုနယ်နယ် မျက်နှာလေးကို ကြည့်လိုက်သောအခါ ပို၍ပင် စိုးရိမ်လာသေးသည်။ သူတို့ လိမ်ညာပြီး သူမရဲ့ တစ်ဦးတည်းသော သမီးလေးကို လှည့်စားသွားမှာ စိုးရိမ်မိပါသည်။

ဘေးကင်းစေဖို့အတွက် သူမယောက်ျားနဲ့ သားကြီးတို့ထံသို့ မက်ဆေ့ပို့ဖို့ ဆုံးဖြတ်လိုက်သည်။ အခြေအနေကို အသေးစိတ်ရှင်းပြကာ ခုနက လာလည်သွားတဲ့ လူတွေကို စုံစမ်းနိုင်ဖို့ မျှော်လင့်သည်။ ဒီလူတွေက သူမသမီးကို ထိခိုက်အောင် မလုပ်ဖို့ သူမ သေချာအတည်ပြုရမည်။

သိပ်မကြာခင် ကျမ့်ယိလင်လေး တဖက်လူထံမှ အီးမေးလ်ကို လက်ခံရရှိလေသည်။

အီးမေးလ်နဲ့ ဗီဒီယိုဖိုင်တစ်ဖိုင် ပါလာပါသည်။

ထိုဗီဒီယိုမှာ ဟဲယန်ရဲ့ စာကြည့်ခန်းထဲမှာ ရိုက်ကူးထားခြင်းဖြစ်၏။ လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now