အခန်း(၁၆၆) Boy Band လာလည်ခြင်း (၃)

913 81 0
                                    


ကျမ့်ယိလင်ရဲ့ အကြည့်က လောင်ရွှန်းအပေါ် ကျရောက်သွားသည်။

လောင်ရွှန်း... ဒီနာမည်ကို သူမ မကြားဖူးဘဲ မနေပါ။

မူရင်းဝတ္ထုထဲမှာ လောင်ရွှန်းက ကျမ့်ယိလင်လေး 'မကောင်းတာတွေ'လုပ်တဲ့အခါ ပံ့ပိုးပေးခဲ့သူဖြစ်သည်။

သူမ စိတ်ဓာတ်ကျနေစဉ်တွင် လောင်ရွှန်းက သူမရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်။

သူမကို ချင်းချွမ်နဲ့ သိပ်မကပ်ဖို့ အကြံပေးခဲ့ပါသည်။ သို့သော်လည်း သူ့စကားကို သူမ နားမထောင်ခဲ့ပေ။ သူမ အမှားမလုပ်မိအောင် သူတားခဲ့သည်။

မူရင်းဝတ္ထုထဲမှာ ကျမ့်ယိလင်က ရူးမိုက်တဲ့အရာတွေ တစ်ခုပြီးတစ်ခု လုပ်ခဲ့ပါသည်။ သူမ ဘာပဲလုပ်လုပ် လောင်ရွှန်းက သူမကို ကူညီပေးဖို့ ရွေးချယ်လေ့ရှိသည်။ သူမတစ်ခုခုဖြစ်သွားမှာကို သူစိုးရိမ်နေခဲ့ပါသည်။

ကံမကောင်းစွာဖြင့် လောင်ရွှန်းလည်း ဇာတ်သိမ်းမကောင်းခဲ့ပါ။ ဂျူပီတာအဖွဲ့ ပြိုကွဲသွားပြီး သူ့ကို ကျန်အဖွဲ့ဝင်တွေက လျစ်လျူရှုသွားကြသည်။

ကျမ့်ယုမင်လည်း အိမ်ကို ပြန်ဖို့ ဖိအားပေးခံခဲ့ရသည်။ ဟဲယန်စီစဉ်ပေးတာကိုသာ လက်ခံခဲ့ရပါသည်။

လောင်ရွှန်းတစ်ယောက် ရေပန်းစားမှုနဲ့ အလုပ်တို့ကို ဆုံးရှုံးသွားပြီးနောက်ပိုင်း ဘီယာဆိုင်က အဆိုတော်တစ်ယောက် ဖြစ်လာခဲ့ပါသည်။

သူ့မျက်နှာကို တစ်ယောက်ယောက်မှတ်မိသွားတိုင်း အလှောင်ခံရလေ့ရှိသည်။ ယခင်တုန်းက အိုင်ဒေါတစ်ယောက်က ဘီယာဆိုင် အဆိုတော်တစ်ယောက်ဖြစ်လာရတဲ့အထိ အဆင့်နိမ့်ကျသွားခဲ့သည်။

သို့သော်လည်း မူရင်းဝတ္ထုထဲမှာ ကျမ့်ယိလင်လေးက အသက် ၂၀ ပြည့်မှ လောင်ရွှန်းနဲ့ ပထမဆုံးအကြိမ် ဆုံခဲ့ခြင်းဖြစ်သည်။ အခုချိန်မှာ မတွေ့ကြရသေးပါ။

ထို့အပြင် မူရင်းဝတ္ထုထဲမှာ ဒီကာလအတွင်းမှာ ကျမ့်ယိလင် ကျမ့်ယုမင််နဲ့ သိပ်ပြီး မပတ်သတ်ခဲ့ပေ။

ကျမ့်ယိလင်လေးက ကျမ့်အိမ်တော်ဟောင်းမှာမနေခဲ့ပါ။ ကျမ့်ယုမင်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။ ကျမ့်မိသားစုရဲ့ အမြင်မှာ ကျမ့်ယုမင်က သူ့ညီမကို သဘောမကျတဲ့လူတစ်ယောက်လို ဖြစ်လာခဲ့သည်။ သူလုပ်တတ်တာဆိုလို့ သူ့ညီမကို လှောင်ပြောင်တာသာ ဖြစ်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now