အခန်း(၁၆၀) ဇိမ်ရှိတဲ့ လူနာခန်း (၂)

899 83 0
                                    


ကျမ့်ယိလင်လေး သတိရလာတာကို မြင်တော့ ကျမ့်ယုကျဲ အမြန်ရှေ့တိုးပြီး မေးလိုက်ပါသည်။ "အဆင်ပြေရဲ့လား။ နင်နာနေသေးလား"

ကျမ့်ယိလင် ခေါင်းခါလိုက်သည်။

"နင်ငါ့ကို ထပ်လိမ်ပြန်ပြီ။ အူရောင်ရမ်းနာက အရမ်း နာတာ"

"သမီးမနာပါဘူး။ အစ်ကိုကြီး ဝမ်းနည်းနေစရာ မလိုဘူး"

"ငါဝမ်းမနည်းပါဘူး။ ဒါပေမယ့် နင်အမြန်ဆုံး သက်သာလာမှ ဖြစ်မယ်။ နေမကောင်းတဲ့အချိန် လျှောက်သွားမနေသင့်ဘူး" ကျမ့်ယုကျဲက သူမကို တည်တည်တံ့တံ့ပြောလိုက်သည်။

"ဟုတ်ကဲ့" ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။ သူမရဲ့ လေသံက အတော်လေး လေးနက်ပါသည်။ ထို့နောက် သူမ ပြောလိုက်သည်။ "အိမ်ပြန်နှင့်တော့လေ"

ဘာကြောင့်မှန်းမသိဘဲ အချိန်အခိုက်အတန့် ခဏလောက် ကျမ့်ယိလင်အသံက ကျမ့်ယုကျဲရဲ့ ပွစိပွစိပြောတဲ့ အမေရဲ့ လေသံပေါက်သွားသည်ဟု ယွီရှိထင်မိသည်။ သို့သော်လည်း သူ့ကို ညွှန်ကြားလိုက်သည့်ပုံစံက ချစ်ဖို့ကောင်းပါသည်.

"မပြန်ဘူး။ ကျောင်းကို ခွင့်တစ်ရက်ပေးဖို့ တောင်းထားတယ်" ကျမ့်ယုကျဲ ပြန်ပြောလိုက်သည်။ သူအခု မပြန်ချင်သေးပါ။။ သူ့ညီမလေးနဲ့ နေချင်ပါသေးသည်။

ကျမ့်ယိလင်လေး နိုးလာမည့်အချိန်ကို စောင့်နေစဉ် ကျမ့်ယုကျဲ သူ့ဆရာဆရာမတွေကို ဆက်သွယ်ထားပါသည်။

ကျမ့်ယိလင်ကို ကျမ့်ယုကျဲ ပြန်ပြောပြီးနောက် ကျိုက်ယွင်ရှန်းကို မျက်လုံးထောင့်မှ စောင်းကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ ရန်လိုမှုတွေက သိသာနေပါသည်။

ဒီလူရှိနေရင် ကျိန်းသေပေါက် ကျမ့်ယိလင်လေးနဲ့ ၂ ယောက်တည်းထားခဲ့လို့ မဖြစ်ပါ။

ယွီရှိက ကျမ့်ယုကျဲဆီလျှောက်လာပြီး ပခုံးပေါ် လက်တင်လိုက်ပါသည်။ "မင်းညီမပြောတာ နားထောင်စမ်းပါ။ အိမ်အရင်ပြန်နှင့်လိုက်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငါအဘွားကျမ့်ကို အကြောင်းကြားပြီးသွားပြီ။ သူခဏနေရင် ရောက်လာလိမ့်မယ်။ မင်းစိုးရိမ်စရာ မလိုပါဘူး"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now