အခန်း(၁၈၉) မိုရှစ်ယွင် မျှော်လင့်ချက်တွေ ပြိုကွဲသွားပြီ

1K 93 0
                                    


[ဘုရားရေ ကျမ့်ယိလင်တကယ်ကြီး စိတ်သစ်လူသစ် ဖြစ်သွားပြီလား။ သူ့ရလဒ်မှာ တကယ်ကြီး အမှားအယွင်း မရှိဘူးပေါ့။ ငါတို့ ကမ္ဘာကြီး ဘာတွေဖြစ်နေပြီလဲ။ ငပျင်းတစ်ကောင်ရဲ့ တကျော့ပြန်လာမှုပေါ့]

[ငပျင်းတစ်ကောင်ဖြစ်တဲ့ ငါ့အတွက် ဒီနေ့ကစပြီး ကျမ့်ယိလင်က ငါ့အိုင်ဒေါဖြစ်သွားပြီ! ငါ့ရဲ့ အားတက်ရာလေး! အခု ငါ့မှာ ပန်းတိုင်ရှိသွားပြီကွ!]

[ကျမ့်ယိလင်ကို သက်သေမရှိဘဲ ခိုးချတယ်ပြောတဲ့ကောင်တွေ မျက်နှာစပ်ကုန်ကြပြီလား]

သူတို့မျက်နှာတွေ တကယ်ပဲ စပ်ကုန်ကြပါပြီ။ တကယ်တော့ အခု ဘယ်သူမှ တစ်ခွန်းမပြောနိုင်ကြတော့ပါ။

စကားဝိုင်းအများစုက ကျမ့်ယိလင်ရဲ့ ရလဒ်တွေ အချိန််တိုအတွင်း ဘယ်လိုတိုးတက်လာကြောင်းကိုသာ အာရုံစိုက်ထားကြခြင်းဖြစ်သည်။'

သို့သော်လည်း ကျောင်းသားတချို့ကတော့ ဒီလိုဖြစ်လာတာကို အတော်လေးကျေနပ်မှုမရှိပေ။

ဟူကျောင်းကျောင်း ဒီတစ်ခေါက်တော့ သတ္တိရှိသွားသည်။ ဝမ်ရှန့်ချုံရဲ့ ထိုင်ခုံဆီ တည့်တည့်လျှောက်သွားပြီး ပြောလိုက်ပါသည်။

"ဝိုး ကြည့်ပါဦး။ ယောင်လီဓာတုဗေဒနှင့်အဆင့်မြင့်ဒြပ်ထုသုတေသနအဖွဲ့အစည်းက ထုတ်ပြန်ချက်တောင် ထုတ်ပြီးသွားပြီ။ ကျမ့်ယိလင်ရဲ့ ရလဒ်က ဘာမှ အမှားအယွင်းမရှိဘူးတဲ့။ အဲ့တော့ နင်ဘာပြောစရာရှိသေးလဲ"

ဝမ်ရှန့်ချုံ ဝေဖန်တာကို ၂ ကြိမ်တိတိ ဟူကျောင်းကျောင်းခံခဲ့ရပါသည်။ ဒီတစ်ခေါက်တော့ သူမ ကလဲ့စား ပြန်ချေနိုင်ပါပြီ။

သို့သော်လည်း ဝမ်ရှန့်ချုံကတော့ မယုံကြည်သေးပေ။ "ထုတ်ပြန်ကြေညာချက်ထုတ်လည်း ဘာဖြစ်လဲ။ အဲ့ကြေညာချက်ဆိုတာ နင်တို့လိုလူတွေကို အရူးလုပ်ဖို့ သက်သက်ပဲ။ ကိုယ်တိုင်စဉ်းစားဉာဏ်မရှိတဲ့ဟာတွေ အတွက်ပေါ့"

"ဘာပြောတယ်။ ကိုယ်ပိုင်စဉ်းစားဉာဏ်မရှိတဲ့ဟာတွေဆိုတာ ဘာပြောတာလဲ" ဟူကျောင်းကျောင်း ပြန်ငေါက်လိုက်သည်။ ဒေါသဖြင့် ခြေထောက်တစ်ဖက်ကိုတောင် ကြမ်းပြင်နဲ့ ဆောင့်လိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Kde žijí příběhy. Začni objevovat