အခန်း(၁၅၄) လုံခြုံရေးဗီဒီယို ထုတ်ပြခြင်း

916 86 0
                                    


ထိုအချိန်တွင် ကျောင်းဂိတ်ဝမှာ စောင့်နေတဲ့ Suit တွေနဲ့ လူပေါင်းများစွာ ရှေ့တိုးလာကြသည်။ ကျမ့်ယိလင်လေးနဲ့ ကျမ့်ယုကျဲတို့ကို ခွဲလိုက်၏။

ကျမ့်ယိလင်လေး လှည့်ပြောလိုက်သည်။ "မကြောက်ပါနဲ့။ သမီးသတင်းကို စောင့်နေ"

ထိုသို့ပြောပြီးနောက် ထိုလူတွေနောက်ကို လိုက်သွားခဲ့ပါသည်။

ယောက်ျားကြီးတစ်ယောက်က နေခဲ့ပြီး ကျမ့်ယုကျဲကို ထိန်းထားလိုက်သည်။ ထို့ကြောင့် ကျမ့်ယုကျဲ ကျမ့်ယိလင်နောက် မလိုက်နိုင်တော့ပါ။

ကျမ့်ယုကျဲလည်း ဒေါသတကြီးဖြင့် ယောက်ျားကြီးလက်ထဲမှ လွတ်အောင် ကြိုးစားသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ မလွတ်နိုင်ခဲ့ပါ။

အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ခွန်အားက အထူးလေ့ကျင့်ထားတဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်ကို မယှဉ်နိုင်ပါ"

"ကျွန်တော့်ကိုလွှတ်! လွှတ်! ယိလင်လေးကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့်နော်!"

ကျမ့်ယုကျဲက သူ့ကို ချုပ်ထားသည့် သက်လတ်ပိုင်း ယောက်ျားကြီးကို ဒေါသတကြီး ငေါက်လိုက်သည်။

ထိုလူကြီးက ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။

"သခင်လေး ယုကျဲ၊ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ ကျွန်တော်တို့က မစ္စကျမ့်ရဲ့ မိတ်ဆွေတွေပါ။ သူ့ကို ထိခိုက်အောင်လုပ်ဖို့ စိတ်ကူးမရှိပါဘူး။ မစ္စကျန့်က ခင်ဗျားကို မထိခိုက်စေချင်လို့ပါ။ အဲ့တာကြောင့် ခင်ဗျား သူ့ဆီက သတင်းကို စောင့်နေသင့်တယ်။ သူဒီကိစ္စကို ကိုင်တွယ်နိုင်တယ်ဆိုတာကို ကျေးဇူးပြုပြီး ယုံကြည်ထားပေးပါ"

ကျမ့်ယိလင်လေး ထွက်သွားပြီဆိုတာကို မြင်တာနဲ့ ကျမ့်ယုကျဲကို ထိုလူ လွှတ်ပေးလိုက်ပါသည်။

ကျမ့်ယုကျဲ လွတ်မြောက်သွားတာနဲ့ ဘေးနားမှာ ပတ်ပြေးလိုက်ပြီး ပို့ဆောင်ရေးယာဉ်တစ်ခုခု ရှိမလား လိုက်ရှာလိုက်သည်။ အတန်းချိန်ဆိုတာကို သူလုံးဝ မေ့သွား၏။ သို့သော်လည်း စီးစရာ ဘတ်စ်ကားလည်း မရှိပေ။ ထို့ကြောင့် သူတစ်နေရာတည်းမှာပဲ ပတ်ချာလည် လျှောက်နေမိပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now