33.1

827 149 2
                                    

33.1: ကျွန်တော်လည်း နမ်းလို့မရဘူး။ ကျွန်တော့် အနမ်းတွေ က ယန်ဆွေ့ အတွက်ပဲ။

တကယ်တော့ သူတို့ ကမ်းခြေမှာ လမ်းလျှောက်နေတဲ့ အချိန်ကတည်းက ယန်ဆွေ့ မုံ့ထင် ကို နမ်းချင်နေခဲ့တာ ဖြစ်သည်။ အဲဒီအချိန်မှာ နမ်းလို့ မဖြစ်ပေ။ မုံ့ထင် က နမ်းချင်တယ် ဆိုပေမယ့် သူတို့ရဲ့ နီးကပ်နေတဲ့ ပုံရိပ်တွေ ကို တခြားလူတွေ တွေ့သွားတာ မကြိုက်တာကြောင့် သူ သည်းခံထားခဲ့သည်။

အစကတော့ အချိန်ကြာသွားရင် နမ်းချင်တဲ့ စိတ်က ပျောက်သွားလိမ့်မယ်လို့ ယန်ဆွေ့ တွေးထားခဲ့သည်။ ဒါပေမဲ့ သူ ထင်ထားသလို မဟုတ်ခဲ့ပေ။ သူတို့ရဲ့ အခန်းထဲ ကို ပြန်ရောက်လာတာနဲ့ သူ့ကိုယ်သူ မထိန်းနိုင်တော့လောက်အောင် စိတ်မရှည်တော့ဘူး ဖြစ်လာခဲ့သည်။

အခန်းထဲမှာ လိုက်ကာကနေ ဝင်လာတဲ့ အလင်းရောင် အနည်းငယ်သာ ရှိနေခဲ့သည်။ သူတို့ ရောက်နေတဲ့ နေရာ က လုံးဝ မှောင်မည်းနေခဲ့သည်။ မမြင်ရပေမယ့် သူတို့ရဲ့ အသက်ရှူသံ၊ အထိအတွေ့၊ အနမ်းတွေက တစ်ဆင့် တစ်ယောက်ကို တစ်ယောက် ခံစားလို့ရနေခဲသည်။ သူတို့ရဲ့ အနမ်းတွေ က ပိုပြင်းထန်ပြီး လေးနက်လာခဲ့သည်။

နောက်ဆုံးမှာတော့ ဝိုင်နီရဲ့ အရသာကို မုံ့ထင် မြည်းစမ်းလို့ ရခဲ့သည်။ သူ နမ်းနေရင်း မူးဝေလာသလို ခံစားလိုက်ရသည်။

သူ ယန်ဆွေ့ရဲ့ လည်ပင်း ကို ဖက်တွယ်ထားပေမယ့် သူ့ရဲ့ ခြေထောက်နဲ့ လက်တွေ က အားမရှိတော့သလို ခံစားလိုက်ရသည်။

ခုနက အောက်ထပ်မှာ တိုက်ခိုက်နိုင်ပါသေးတယ်။ ယန်ဆွေ့ သူ့ကို နမ်းလိုက်တာနဲ့ ဘာဖြစ်လို့ အားတွေ မရှိတော့တာလဲ? 

ဒီမေးခွန်း က မူးဝေနေတဲ့ မုံ့ထင်ရဲ့ အတွေးတွေ ကို ရှုပ်ထွေးသွားစေခဲ့သည်။

သူ့ရဲ့ လက်က ယန်ဆွေ့ရဲ့ လည်ပင်းကနေ လျောကျသွားတာနဲ့ ယန်ဆွေ့ရဲ့ လက်တွေ က မုံ့ထင်ရဲ့ အဝတ်အစားတွေထဲ ရောက်လာပြီး အားကို သုံးကာ ဖက်ပေးထားခဲ့သည်။

အနမ်း က မကြုံစဖူး အရမ်း ကို ရှည်လျားနေပြီး ပြင်းထန်နေရာကနေ နူးညံ့သိမ်မွေ့သွားခဲ့သည်။ ယန်ဆွေ့ မုံ့ထင်ရဲ့ နှုတ်ခမ်းထောင့်လေး ကို နမ်းလိုက်ပြီး မုံ့ထင်ရဲ့ အရသာ ကို ခံစားကြည့်နေလိုက်သည်။ သူ့ရဲ့ နှုတ်ခမ်း က မုံ့ထင်ရဲ့ နှုတ်ခမ်း နဲ့ ကွာသွားပေမယ့် သူ ကောင်လေး ကို လွှတ်မပေးခဲ့ပေ။

အထက်တန်းလွှာ အသိုင်းအဝိုင်း က ချိုမြိန်တဲ့ အိမ်ထောင်ရေး(ဘာသာပြန်)Where stories live. Discover now