42.2

314 59 2
                                    

  မုံ့ထင် ယန်ဆွေ့ ကို စကားမပြောတော့ဘဲ သူ့ရဲ့ အနေအထား ကို ပြင်အိပ်ကာ ယန်ဆွေ့ ကို ဖက်ထားလိုက်သည်။ သူတို့ ၂ယောက်သား တစ်ယောက်ကို တစ်ယောက် ဖက်ထားပြီး တိတ်တိတ်လေး နေနေခဲ့သည်။ ယန်ဆွေ့ရဲ့ စိတ်အခြေအနေ က သိပ်မကောင်းသေးဘူး ဆိုတာကို မုံ့ထင် ခံစားလို့ရနေခဲ့သည်။ စစတုန်းက ခံစားချက်နဲ့ မတူတော့ဘဲ နည်နည်း ကွဲပြားနေခဲ့သည်။ ဒါပေမဲ့ စိတ်သက်သာရာရသွားတဲ့ပုံတော့ မပေါ်ပေ။

မုံ့ထင် ပြောခဲ့တဲ့ စကား က အမှားသေးသေးလေးတောင် မပါခဲ့ပေ။ ယန်ဆွေ့ သူ့ကို ရင်ခွင်ထဲ ထည့်ဖက်ထားပေးပြီး သူ့ကျောကို ပုတ်ကာ ချော့သိပ်ပေးခဲ့သည်။ သူ့ရဲ့ မျက်ခွံတွေ က လေးပင်လာခဲ့သည်။ သူ့ရဲ့ မျက်နှာကို ယန်ဆွေ့ရဲ့ လည်ပင်းနဲ့ ပွတ်သပ်ပြီး သိပ်မကြာခင်မှာပဲ သူ အိပ်ပျော်သွားခဲ့သည်။

ယန်ဆွေ့ သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ကောင်လေး ကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့ရဲ့ နှုတ်ခမ်းဖျားလေး က မြင့်တက်သွားခဲ့ပြီး အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူလည်း မျက်လုံး ကို မှိတ်ထားလိုက်သည်။ အိပ်ပျော်သွားတာ မဟုတ်ပေမယ့် တစ်စုံတစ်ယောက်ကို ရင်ခွင်ထဲ ထည့်ပြီး ဖတ်ထားရတဲ့ ခံစားချက် က ပုံမှန် ခံစားချက်တွေနဲ့ ကွဲပြားနေခဲ့သည်။ သူ့ရဲ့ အတွေးတွေ ကမောက်ကမ ဖြစ်နေသေးပေမယ့် သူ့ရဲ့ စိတ်က တည်ငြိမ်နေခဲ့သည်။

ယန်ဆွေ့ရဲ့ ပွေ့ဖက်မှုကြားထဲမှာ ၂နာရီလောက် အိပ်ပျော်သွားခဲ့သည်။ သူ့ရဲ့ မျက်လုံးတွေ မပွင့်သေးတဲ့ အချိန်မှာ သူ့ရဲ့ ဆံပင်က အဖွခံလိုက်ရသည်။

"နိုးလာပြီလား?"

"အွင်း"

မုံ့ထင် မျက်လုံး ကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်ပြီး ပြန်ဖြေလိုက်သည်။ ခဏနေတော့ သူ လုံးဝ နိုးသွားခဲ့သည်။

"ကျွန်တော် အိပ်ပျော်သွားတာပဲ"

ယန်ဆွေ့ အရှေ့ ကို တိုးလိုက်ပြီး မုံ့ထင်ရဲ့ နှုတ်ခမ်း ကို နမ်းလိုက်သည်။

"မှားတယ်။ ကိုယ် မင်းကို ချော့သိပ်လိုက်တာ"

မုံ့ထင် ဘေးကို ကြည့်လိုက်သည်။ မှားလား? မှန်လား ဆိုတာ စဉ်းစားမနေတော့ဘဲ ယန်ဆွေ့ ကို ဖက်ကာ ပါးကို အကြိမ်အနည်းငယ်လောက် နမ်းလိုက်သည်။ 

အထက်တန်းလွှာ အသိုင်းအဝိုင်း က ချိုမြိန်တဲ့ အိမ်ထောင်ရေး(ဘာသာပြန်)Where stories live. Discover now