41.3

501 107 3
                                    

  အစကတော့ နှင်းဆီခြံဝင်းမှာ ၅ရက်နေပြီး Fနိုင်ငံရဲ့ မြို့တော်မှာ ၂ရက်နေဖို့ အစီအစဉ် ဆွဲထားခဲ့သည်။ ဒါပေမဲ့ မနေ့ က ယန်ဆွေ့ရဲ့ အစ်ကို ဝမ်းကွဲဆီက ပွဲတက်ဖို့ ဖိတ်ကြားချက် ကို ရရှိခဲ့သည်။ ယန်ဆွေ့ အစ်ကို ဝမ်းကွဲဟာ မမျှော်လင့်ဘဲ သားတစ်ယောက် ရလာခဲ့ပြီး သူ့သားကို ထုတ်ဖော်ကြေငြာတော့မယ့် ပွဲဖြစ်သည်။

ယန်ဆွေ့ Fနိုင်ငံမှာ ရှိမနေခဲ့ရင် ဒီနေရာမှာ ရှိနေတဲ့ သူ့လူတွေ က သူ့အစား ဂုဏ်ပြုလက်ဆောင် ပေးပို့ကြလိမ့်မည်။ အခုက ဒီနေရာမှာ ယန်ဆွေ့ ရှိနေတာကြောင့် မတူတော့ပေ။

၅နာရီမှာ အိပ်ရာထခဲ့ကြပြီး ယန်ဆွေ့ က ပစ္စည်းတွေ ထုပ်ပိုးသိမ်းဆည်းပေးခဲ့သည်။ မုံ့ထင်ကတော့ ပန်းခင်းဆီ လမ်းလျှောက်ထွက်ခဲ့သည်။ အပြန်လမ်းမှာ ပန်းတွေ ကို မခူးရရင် မနေနိုင်တာကြောင့် ပန်းစည်း တစ်စည်းစာ ခူးခဲ့သေးသည်။

"ဒီပန်းတွေနဲ့ ရေမွှေး လုပ်နိုင်ရင် အရမ်း ကောင်းမှာပဲ..."

မုံ့ထင် သူ့လက်ထဲမှာ ရှိနေတဲ့ ပန်းစည်းကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်မိတဲ့ စကားကြောင့် သူကိုယ်တိုင်တောင် အံ့ဩသွားခဲ့ရသည်။

အစကတော့ ဒီဘဝမှာ ရေမွှေးနဲ့ ပတ်သက်တဲ့ အရာမှန်သမျှ ထပ်မထိတော့ဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ဒီပန်းတွေ ကို ယန်ဆွေ့ သဘောကျတဲ့ အကြောင်း သိလိုက်ရတော့ သူ့စိတ်ထဲမှာ ဒီဟာကို အခွင့်အရေးယူပြီး ရေမွှေး ပြုလုပ်ချင်ခဲ့သည်။

ယန်ဆွေ့ ဧည့်ခန်းထဲက ထွက်လာပြီးနောက် ပတ်ဝန်းကျင် ကို တစ်ချက် ကြည့်လိုက်တော့ သူ ရှာနေတဲ့သူ က ရေကန်ဘေးရှိ ထိုင်ခုံပေါ်မှာ ထိုင်နေတာ တွေ့လိုက်ရသည်။ မုံ့ထင် က အဖြူရောင် နှင်းဆီပန်းစည်း ကို ကိုင်ပြီး ထိုင်နေခဲ့ပေမယ့် သူ့ရဲ့ စိတ်က ခရီးလွန်နေပုံ ရသည်။

ယန်ဆွေ့ သူ့ရဲ့ အနားကို တိုးသွားပြီး မုံ့ထင်ရဲ့ အရှေ့မှာ ရပ်ကာ ဆံပင်လေးတွေ ကို ဆွဲဖွလိုက်သည်။ နိမ့်ပြီး ညင်သာနေတဲ့ အသံနဲ့ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ? မပြန်ချင်လို့လား? အခုကစပြီး ဇူလိုင်လတိုင်း ဒီကို လာကြမယ်လေ။ မင်း နေချင်သလောက် ကိုယ်တို့ နေလို့ရပါတယ်"

အထက်တန်းလွှာ အသိုင်းအဝိုင်း က ချိုမြိန်တဲ့ အိမ်ထောင်ရေး(ဘာသာပြန်)Where stories live. Discover now