42.1

568 97 2
                                    

42.1: ကျွန်တော် က စာနာတတ်တဲ့သူ မဟုတ်သလို စိတ်ထားကောင်းတဲ့သူလည်း မဟုတ်ဘူး။

ယန်ကျန်းပေါ် အဲဒီအချိန်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အကြောင်း အကျဉ်းချုံး ပြန်ပြောပြခဲ့သည်။ ယန်ယွီ နဲ့ ဟယ်ယွဲ့ တို့ တက္ကသိုလ် တက်တဲ့ အချိန် ကျောင်းပြင်ပမှာ လှုပ်ရှားရတဲ့ အားကစား ကို သဘောကျခဲ့ကြပြီး သူတို့ ၂ယောက် က ဝါသနာ တူခဲ့ကြသည်။ ယန်မိသားစု က သူတို့ရဲ့ သားသမီးတွေ ကို စီးပွားရေး အတွက်နဲ့ အတင်း လက်ထပ်ပေးတဲ့ အလေ့အထ မရှိပေ။ အဲဒါကြောင့် ယန်ယွီ အနေနဲ့ လက်ထပ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဖိအားတွေ မခံစားခဲ့ရချေ။ နောက်ဆုံးမှာတော့ ယန်ယွီ နဲ့ ဟယ်ယွဲ့ ၂ယောက် တွဲသွားခဲ့သည်။

ယန်ဆွေ့ရဲ့ အဖိုး နဲ့ ဟယ်မိသားစုရဲ့ ဘိုးဘေး က ရဲဘော်ရဲဖက်ဟောင်းတွေ ဖြစ်ကြသည်။ ယန်ယွီ နဲ့ ဟယ်ယွဲ့ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်ကတည်း က ခမည်းခမက်တွေ ဖြစ်လာမယ်လို့ ပြောပြီး ရယ်မောခဲ့ကြသည်။ အဲဒီနောက်မှာတော့ မိခင် ၂ယောက် က သားယောက်ျားလေးတွေ မွေးဖွားခဲ့ပြီး ဟယ်ယွဲ့ က ပျောက်သွားတာကြောင့် အဲဒီကိစ္စ ကို ထပ်မပြောတော့ပေ။

နောက်ပိုင်းမှာတော့ ဟယ် မိသားစုမှာ သားတစ်ယောက်၊ သမီး တစ်ယောက် ထပ်ရှိလာခဲ့သည်။ ကလေး ပျောက်သွားတဲ့ ဝေဒနာရဲ့ နာကျင်မှု သက်သာစေဖို့ အတွက် ယန်မိသားစု ပွဲအခမ်းအနားတွေ ကျင်းပတဲ့ အချိန်တိုင်း ဟယ် မိသားစု ကို ဖိတ်လေ့ရှိသည်။ ဘယ်အချိန်က စခဲ့မှန်း မသိကြပေမယ့် ဟယ်ဝမ် က ယန်ယွီ ကို သဘောကျလာခဲ့သည်။

ယန်ယွီ နဲ့ ဟယ်ယွဲ့ တွဲနေတာကို သိသွားတဲ့ အချိန် သူတို့ရဲ့ တက္ကသိုလ် ကို သွားကာ ဟယ်ယွဲ့ ကို သွားပြောခဲ့သည်။ လူတချို့ ကို လွှတ်ပြီး ဟယ်ယွဲ့ရဲ့ မွေးစားမိဘတွေ ကို လိမ်လည်ခိုင်းခဲ့သည်။ အဲဒီအကြောင်း ကို ယန်ယွီ သိသွားတဲ့ အချိန်မှာတော့ ယန်မိသားစုရဲ့ သခင်မကြီး ဖြစ်တဲ့ ယန်ဆွေ့ အဖွား မွေးနေ့ပွဲ ကို တက်တဲ့ အချိန် ဟယ်ယွဲ့ ကို ခေါ်သွားခဲ့သည်။

ပြောရရင်တော့ အကုန်လုံး ရှုပ်ယှက်ခက်သွားခဲ့တာပေါ့။ ဟယ်မိသားစုရဲ့ မျက်နှာ ပျက်သွားပြီး အရှက်ကွဲသွားသလို ခံစားခဲ့ရသည်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဟယ်ယွဲ့ရဲ့ နားအနောက်မှာ ရှိတဲ့ မွေးရာပါ အမှတ် ကို ဟယ်ယွဲ့ရဲ့ အမေအရင်း ဖြစ်သူ က တွေ့သွားခဲ့ပြီး သူက သူတို့ ပျောက်သွားတဲ့ သားဖြစ်ကြောင်း သိသွားခဲ့ကြသည်။ အဲဒီအချက်ကြောင့် ဟယ်ယွဲ့ နဲ့ ယန်ယွီရဲ့ အချစ်ခရီးလမ်း က ပိုချောမွေ့သွားခဲ့သည်။

အထက်တန်းလွှာ အသိုင်းအဝိုင်း က ချိုမြိန်တဲ့ အိမ်ထောင်ရေး(ဘာသာပြန်)Where stories live. Discover now