41.2

435 88 1
                                    

  "မလှုပ်နဲ့၊ ကိုယ့်ကို လုပ်ခွင့်ပေး"

ယန်ဆွေ့ မုံ့ထင် ကို ဖက်ထားရင်း ရေပိုက်ခေါင်းကို ဖွင့်လိုက်ပြီး အပူချိန်ကို စစ်လိုက်သည်။

မုံ့ထင် ယန်ဆွေ့ ကို မော့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

အရင်တစ်ခါ မူးပြီး အိပ်ပျော်နေတုန်းက ယန်ဆွေ့ သူ့ကို ရေချိုးပေးခဲ့ရသည်။ ဒီတစ်ခါမှာတော့ သူ အရက်မူးမနေပေမယ့် သူတို့ အတူတူ အိပ်ခဲ့ကြသည်။ ရှက်စရာမရှိတော့ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာတော့ သူ့ရဲ့ မျက်နှာ က နီရဲနေခဲ့ပြီး ရှက်နေခဲ့သည်။

ယန်ဆွေ့ မုံ့ထင် အား လက်မြှောက်ခိုင်းရင် မုံ့ထင် က လက်ကို မြှောက်ပေးလိုက်ပြီး ခြေထောက်ကို မြှောက်ခိုင်းရင် ချက်ချင်း မြှောက်ပေးလိုက်သည်။ ဆပ်ပြာအမြှုပ်တွေ ကို ရေဆေးချပြီးတာနဲ့ ယန်ဆွေ့ က ရေသုတ်ပေးခဲ့သည်။ နောက်ဆုံးမှာတော့ ကောင်လေး ကို ရေချိုးခန်းသုံး ပုဝါနဲ့ ထုပ်ပြီး အိပ်ရာပေါ် ပြန်တင်ပေးလိုက်သည်။

ပထမ တစ်ခါ ရေချိုးပေးဖူးတဲ့ အတွေ့အကြုံ ရှိခဲ့ပြီး မုံ့ထင်ကလည်း အလွန် ပူးပေါင်းဆောင်ရွက်ပေးတတ်တဲ့ ကောင်လေး ဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ ယန်ဆွေ့ ချွေးသိပ်မထွက်ခဲ့ပေ။ ရေချိုးခန်းသုံး ပုဝါနဲ့ အထုပ်ခံထားရလို့ မျက်နှာ တစ်ဝက်လောက်ပဲ ပေါ်နေတဲ့ ကောင်လေး ကို ကြည့်ပြီး ပြီးပြည့်စုံတဲ့ ခံစားချက်ကို ခံစားလိုက်ရတာကြောင့် ယန်ဆွေ့ ပြုံးလိုက်ပြီး မုံ့ထင်ရဲ့ ဆံပင်တွေ ကို ငုံ့နမ်းလိုက်မိသည်။ 

"ကိုယ် ၁မိနစ်အတွင်း ပြန်လာခဲ့မယ်"

"အွန်း"

မုံ့ထင် နူးနူးညံ့ညံ့လေး ပြန်ဖြေလိုက်ပြီး ယန်ဆွေ့ ရေချိုးခန်းကို ပြန်သွားတာအား ကြည့်နေလိုက်သည်။ စောင်ကို ဆွဲခြုံလိုက်ပြီး သူ့တစ်ကိုယ်လုံး ပတ်ထားလိုက်သည်။

သူ့ရဲ့ နီရဲနေတဲ့ မျက်နှာ ကို ဒူးခေါင်းပေါ်မှာ တင်ထားလိုက်ပြီးနောက် ထိန်းချုပ်ထားရတဲ့ ရှက်ရွံ့မှုတွေ ထွက်ပေါ်လာခဲ့သည်။

အား!!!!! သူ ယန်ဆွေ့နဲ့ အဲဒီဟာကို လုပ်ခဲ့တာပဲ... ပြီးတော့ သူ့ရဲ့ စွမ်းဆောင်ရည် က အရမ်း စိတ်ပျက်စရာကောင်းတယ်။ မုံ့ထင် သူ့ရဲ့ စိတ်ထဲ အော်ဟစ်နေခဲ့ပြီးနောက် ရပ်သွားခဲ့သည်။

အထက်တန်းလွှာ အသိုင်းအဝိုင်း က ချိုမြိန်တဲ့ အိမ်ထောင်ရေး(ဘာသာပြန်)Where stories live. Discover now