41.1

578 114 2
                                    

 41.1: ဒီညကမှ သူတို့ ၂ယောက်ရဲ့ တကယ် မင်္ဂလာဦးည ပဲ။

    သူတို့ နမ်းပြီးသွားတဲ့ အချိန်မှာ သူတို့ရဲ့ အသက်ရှူသံတွေ က မတည်မငြိမ် ဖြစ်နေခဲ့သည်။

မုံ့ထင်ရဲ့ ကျောက နံရံပေါ်မှာ ကပ်နေပြီး သူ့ရဲ့ ခေါင်းက ယန်ဆွေ့ရဲ့ ပခုံးပေါ်မှာ ရှိနေကာ အသက်ရှုသံ တည်ငြိမ်သွားဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။

သူ ယန်ဆွေ့ ကို မော့ကြည့်လိုက်မိတော့ သူ့ရဲ့ နှလုံးခုန်သံ က ပိုမြန်လာခဲ့သည်။ သူတို့ အကြိမ်ကြိမ် နမ်းခဲ့ဖူးပေမယ့် နမ်းတဲ့ အချိန်တိုင်း သူ့ရဲ့ တုံ့ပြန်မှု က အရမ်း ကို ပြင်းထန်ခဲ့သည်။ ယန်ဆွေ့ က သူ့ကို မတ်တပ်ရပ်နေနိုင်အောင် ကူညီပေးတဲ့ အချိန်မှာ မုံ့ထင် ယန်ဆွေ့ရဲ့ ခါးကို မြန်မြန် ဖက်လိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။

"ခဏလောက် စောင့်ပေးဦး"

မုံ့ထင် ပြောတဲ့ 'စောင့်ပေးဦး'ဆိုသော စကားရဲ့ နောက်ကွယ် က အဓိပ္ပါယ် ကို ယန်ဆွေ့ နားလည်ခဲ့သည်။ မုံ့ထင်ရဲ့ ပါးလေးကို ကိုင်ထားလိုက်ပြီး မုံ့ထင် ကို စောင့်ပေးခဲ့သည်။

ယန်ဆွေ့ မုံ့ထင် ကို ကြည့်လိုက်ပြီး မျက်နှာကို ကိုင်ကာ ပါး၂ဖက်ကို နမ်းလိုက်သည်။

"မုံ့ထင် ကိုယ် မရတော့ဘူး"

မုံ့ထင် အနေနဲ့ ရှက်နေတယ် ဆိုပေမယ့် သူက သာမန်လူတွေ ရှက်တာနဲ့ ကွာခြားနေခဲ့သည်။ သူ ယန်ဆွေ့ ကို မတားနိုင်ခဲ့ပေ။

"ဟင်?"

မုံ့ထင် နည်းနည်း ရှုပ်ထွေးသွားပေမယ့် ယန်ဆွေ့ က သူ့ကို ပြန်မဖြေပေးခဲ့ပေ။ ယန်ဆွေ့ က သူ့လက်ကို ဆွဲပြီး ဆက်လျှောက်သွားခဲ့သည်။

ယန်ဆွေ့ ပြောတဲ့ အဓိပ္ပါယ် ကို မုံ့ထင် မကြာခင်မှာ သဘောပေါက်သွားခဲ့သည်။ မြို့လည်ခေါင် က ဆုတောင်းတဲ့ ရေတွင်းရဲ့ အရှေ့၊  ခရမ်းရောင် လာဗန်ဒါ ပန်းခင်းတွေရဲ့ အရှေ့၊ လေတိုက်လို့ ယိမ်းနွဲ့နေတဲ့ မိုးမခပင်ကြီး အောက်မှာ.... စသည်ဖြင့် မြို့ရဲ့ နေရာ အနှံ့မှာ နမ်းခဲ့ကြသည်။ သူတို့ရဲ့ နှလုံးသားတွေ လေထဲ လွင့်သွားသလို ခံစားရတဲ့ အထိ တစ်ယောက်ကို တစ်ယောက် နမ်းခဲ့ကြသည်။

အထက်တန်းလွှာ အသိုင်းအဝိုင်း က ချိုမြိန်တဲ့ အိမ်ထောင်ရေး(ဘာသာပြန်)Where stories live. Discover now