Part 3

1K 126 0
                                    

CHAPTER (3)

ဟယ်ယွင်ရှန်း မျက်မှောင်ကြုတ်၍

"နင် ဘာပြောလိုက်တာလဲ"

ဟယ်ယန် တစ်လှမ်းမျှမရွေ့ဘဲ တူညီသော စကားကို လေးနက်စွာ ထပ်မံပြောကြားခဲ့သည်။

"ငါပြောတာ မင်း ဒီလိုမျိုး ထင်းခွဲနေလို့မရဘူးလို့"

အငယ်ဖြစ်သူမှ စိတ်မရှည်ဖြစ်လာပြီး

"ဟယ်ယန် နင် နေမကောင်းရင်လည်း နင့်အခန်းနင်ပြန်တော့ ဒီမှာ ပြဿနာလာမရှာနဲ့"

"မင်း ဒီလိုမျိုး ထင်းခွဲနေမယ်ဆိုရင် နေဝင်တဲ့အထိ ထင်းခွဲလို့ ပြီးမှာ မဟုတ်ဘူး"

ဟယ်ယန်နေရာမှ တစ်လက်မပင် မရွေ့ပေ။ ဟယ်ယွင်ရှန်း ရုတ်တရက် ဒေါသဖြစ်သွားဟန် ရှိသည်။ ကျောက်ဖျာပေါ်သို့ ပုဆိန်ကို လွှတ်ချခဲ့ပြီး ပုဆိန်နှင့် ကျောက်ဖျာရိုက်ခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ရှေ့သို့တစ်လှမ်းတိုးပြီး ဒေါသတကြီးဖြင့်

"နင့်အဖျားကြောင့် ပိုက်ဆံတွေ အကုန် မသုံးခဲ့ရဘူးဆိုရင် အဖေက အလုပ်ကြမ်းသမားတွေကို အဝေးကို ပို့ပစ်လိုက်မှာ မဟုတ်ဘူး နင်သာ မိုးလင်းပေါက်ထင်းခွဲရမှာ ဆိုတာ နင်သိလား နင် ထင်းမခွဲဖူးရင် လက်ညှိုး လာမထိုးနဲ့ နင် သိပ်ခွဲတတ်သပဆိုရင် နင်ခွဲလိုက်"

ဟယ်ယန် နှလုံးသား ဆတ်ကနဲ တုန်ရီသွားသည်။ ထိုသို့ဆိုသော် အိမ်၌ အလုပ်ကြမ်းသမားများ ရှိခဲ့သည်ပင်။ ဤသည်မှာ လက်ရှိဟယ်မိသားစုမှ ဆေးဝါးစရိတ်များကြောင့် ဆင်းရဲနွမ်းပါးသွားခဲ့ခြင်း ဖြစ်ပြီး အလုပ်သမားခ မတတ်နိုင်တော့သဖြင့် အလုပ်ကြမ်းသမားများ မထားရှိခဲ့တော့ခြင်း ဖြစ်ရမည်။ ဤသို့ဖြင့် ဤကောင်လေးမှ အလုပ်ကြမ်းသမား အလုပ်များ လုပ်ကိုင်လာခဲ့ရခြင်း ဖြစ်မည်။ လက်ရှိ သူ၏ပုံစံအရ အစ်မဖြစ်သူအပေါ် နှစ်ပေါင်းများစွာ တေးဖွဲ့ထားသည့် အငြိုးများ စုပြုံနေဟန်ရှိပြီး အစ်မဖြစ်သူအား ညှာတာထောက်ထားခြင်းမရှိဘဲ ထေ့ငေါ့လှောင်ပြောင်ခဲ့သည်။

သူဆင်းရဲဖြစ်ရခြင်း၏ ကောင်းချက် တစ်ချက်လည်း ရှိနေ၏။ ဥပမာဆိုရသော် ဤခြံဝန်းအတွင်း မည်သူမျှမရှိနေခဲ့သဖြင့် လက်ရှိမောင်နှမနှစ်ယောက်၏ ရှက်ဖွယ်မြင်ကွင်းကို မည်သူမျှ မမြင်နိုင်ခဲ့ပေ။ ယခင် ဟယ်မိသားစု၌ သော်လည်းကောင်း၊ ရှုမိသားစု၌ သော်လည်း ဖြစ်ခဲ့သော် ယခုကဲ့သို့ ရန်ပွဲကို ကြည့်ရှုရန် အစေခံများ စုပြုံရောက်ရှိလာပုံမှာ မြင်းပွဲကြည့်ရန် လာရောက်ခဲ့သည့် ပွဲကြည့်ပရိတ်သတ်ပမာ စုပုံနေခဲ့မည်သာ။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now