Part 19

912 102 0
                                    

19 01

CHAPTER(19)

နောက်တစ်နေ့နံနက်ခင်းသည် မိုးရွာခြင်း ဖြင့် အစပျိုးခဲ့သည်။ ဟယ်ယန် မှ ယိုယွင်းနေသည့် အိမ် ခေါင်မိုးကို ပြုရန် ဟယ်ယွင်ရှန်း ကို ငွေစအနည်းငယ် ပေးပြီးလက်သမားရှာခိုင်းခဲ့သည်။ နွေဦးရာသီကုန်လုနည်းနည်းဖြစ်နေလျက် မကြာမီ နွေရာသီရောက်ရှိလာတော့မည်ဖြစ်သဖြင့် ဤရက်ပိုင်းမိုးစွေနေဦးမည်ပင်။ ဟယ်မိသားစုအိမ်၌ မိမိအခန်းတစ်ခု တည်းသည်သာလျှင်အိမ်အမိုးလုံသည့် တစ်ခု တည်းသော အခန်းဖြစ်၏။ ဟယ်ယွင်ရှန်း နှင့် ဟယ်စွေ့တို့အိပ်ခန်းများမူ ယိုကျလာသော မိုးရေစက်များကို အခန်းကြမ်းပြင်၌ ကြေးဖလားများဖြင့် ရေခံထားရပြီး အခန်းအတွင်း ဝင်သည်နှင့် တစ်ပြိုင်နက် ကြေးဖလားအရောင်းခန်းရောက်သွားသကဲ့သို့ ပင်ထင်မှတ်ရလောက်၏။

အိမ်အမိုးအား ကြံ့ခိုင်သော အစိမ်းရောင် အုပ်ကြွပ်ပြားများဖြင့် အစားထိုးပြီး ပြုပြင်ပြောင်းလဲစေခဲ့သည်။ အခန်းအတွင်း ရှိဂွမ်းကပ်စောင်နှင့် ခေါင်းအုံးများပါလဲသင့်သည်ဟု ဟယ်ယန် ဆုံးဖြတ်ခဲ့သည်။ အကြောင်း မူ ၎င်းတို့အားလုံး သည်စုတ်ဖွာပေါက်ပြဲနေပြီး အချို့ နေရာများ၌ အတွင်း မှ ဂွမ်းစများပင်ဖြာထွက်လို့ နေခဲ့သည်။ ထိုအချိန်ဟယ်ယွင်ရှန်း အခန်းအတွင်း ဝင်ရောက်လာပြီး

"ဟယ်ယန် နင်ဒါကို လာကြည့်စမ်း"

ဟယ်ယွင်ရှန်း ၎င်း၏ အင်္ကျီအတွင်း မှ စာရွက်တစ်စောင်ဆွဲထုတ်လျက် လှမ်းခေါ်လိုက်သည်။ ဟယ်ယန် ဇဝေဇဝါဖြင့် အနားသို့ တိုးကပ်သွားခဲ့သောအခါ ဟယ်ယွင်ရှန်း မှ

"မနေ့က မြို့တော်မှာရှိတဲ့ သင့်လျော်မဲ့ ကျောင်းနာမည်‌တွေ ငါချရေးထားခဲ့တယ် ဒီနေ့ နင်ငါနဲ့အတူတူ လိုက်ကြည့်ဖို့ ဘယ်လို သဘောရသလဲ"

"အခုလား"

ဟယ်ယန် မှ မေးခဲ့ပြီး

"နင်ကငါ့ကို နင်နဲ့အဖော်လိုက်စေချင်တဲ့သဘောလား"

မိမိအတွေးများဖောက်ထွင်းမြင်ခံခဲ့လိုက်ရသည့် နှယ် ဟယ်ယွင်ရှန်း ၏ မျက်နှာအမူအရာတို့၌ စိတ်ရှုပ်မှုတို့လှစ်ဟပေါ်ထွက်လာသည်။ ဟယ်ယန် ဘက်သို့ လှည့်ပြီး

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now