Part 13

1K 116 1
                                    

13 01

CHAPTER (13)

တံခါးကို ကျော်၍ အပြင်ကို ထွက်လာသည်အထိ ဟယ်ယွင်ရှန်း စိတ်အတွင်း ဟယ်ယန့် ပြောစကားအကြောင်း စဉ်းစားလျက် ရှိနေ၏။

"နင် ကျောင်းတက်ချင်တယ်မလား ယွင်ရှန်း"

အမှန်ပင် ကျောင်းတက်ချင်၏။ ကျောင်း၌ စာသင်ပြပေးမည့်ဆရာသမားများနှင့် ကိုယ်ခံပညာ သင်ကြားပေးမည့် ဆရာများရှိပြီး တခြားရွယ်တူ သူငယ်ချင်းများနှင့် လည်း အတူတကွ စာလေ့လာနိုင်၏။ အချိန်ကျ၍ အရာရှိ စာမေးပွဲ သော်လည်းကောင်း စစ်စာမေးပွဲသော်လည်းကောင်းရှိခဲ့သော် မိမိကိုယ်ကိုယ်အားကိုး၍ တိကျသော အနာဂတ်တစ်ခု ရှာဖွေနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ ခွန်အားသုံး၍ ကြုံရာကျပန်းအလုပ်မျိုး လုပ်ကိုင်စရာမလိုဘဲ အလွန်အမင်း ပင်ပန်းဆင်းရဲနေမည်လည်းမဟုတ်ပေ။

ယခင်အချိန်များ၌ မိသားစုအတွင်း ငွေမရှိခဲ့သော်လည်း ယခုအခါငွေရှိလာပြီ ဖြစ်သည်။ ဟယ်ယွင်ရှန်း၏ မျိုသိပ်ထားသော ဆန္ဒများ ထပ်မံ မွေးဖွားလာခဲ့ပြန်ပြီ။ မိမိနှင့် ဘေးချင်းကပ်လျက် လမ်းလျှောက်နေသည့် မိန်းမပျိုလေးကို မသိသာ တိတ်တခိုး လှမ်းကြည့်လိုက်သည်။ ဟယ်ယန် တစ်ယောက် နာမကျန်းရာမှ ပြန်လည်နလန်ထခဲ့ချိန်မှ စတင်ပြီး မိသားစုအတွင်း အဘက်ဘက်မှ တိုးတက်လာခဲ့သည်ပင်။ ဤသည်မှာ ရေဆိုးရေညစ်အိုင်တစ်ခု အဖြစ် ဆက်လက် မတည်ရှိနေတော့ဘဲ မသိခဲ့မီအချိန်အတွင်း ထိုရေဆိုးများ အားလုံး ကို လေမှ လှိုင်းတွန့်များဖြင့် သယ်ဆောင်သွားခဲ့ပြီး ထိုလေဆိုးတို့ ပျောက်ကွယ်သွားပြီးနောက် ပန်းပွင့်နီနီများနှင့် ဝက်သစ်ချပင် အရွက်စိမ်းစိမ်းတို့ပင် ပေါ်ပေါက်လာသည့် နွေဦးသဖွယ် ဖြစ်လာခဲ့သကဲ့သို့ပင်။

ဟယ်ယန်မှ ကောင်လေး၏ အကြည့်ကို ခံစားမိသဖြင့် မိမိမျက်နှာ၌ အုပ်ထားသည့် ပုဝါပါးကို ထိဖယ်လိုက်ပြီး ကောင်လေးကို ထပ်မံသတိပေးလိုက်သည်။

"မှတ်ထားနော် ခဏနေအဖေနဲ့တွေ့ရင် မင်းဘက်ကနေဘာမှ မပေါ်စေနဲ့နော် သဘောပေါက်လား"

"...အေးပါ"

ဟယ်ယွင်ရှန်း ခက်ခက်ခဲခဲဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ လေ့ကျင့်ရေးကွင်းသည် မြို့စောင့်ဂိတ်အရှေ့ဘက်ရှိ ကြီးမားကျယ်ပြန့်သော ကွင်းပြင်ကျယ်ကြီးဖြစ်၏။ ဟယ်ယန် ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးခဲ့ပေ။ တပ်နှင့် အတူတကွ မြို့တော်သို့ ပြန်ရောက်ပြီးနောက် ဟယ်ရူဖေးမှ သူ့ကို အစားထိုးခဲ့သည်။ ထို့နောက်"စစ်သေနာပတိဖေးဟုန်" အမည်ဖြင့် မည်သည့် တာဝန်ကိုမျှ ပါဝင်ထမ်းရွက်နိုင်ခြင်း မရှိတော့ဘဲ သခင်မလေးရှုအဖြစ် သာ အပြင်ထွက်လည်ပတ်နိုင်ခဲ့ပြီး ထိုဂိတ်အရှေ့မှ ဖြတ်သွားနိုင်ခဲ့၏။ ထိုအချိန်၌ လေ့ကျင့်ရေးကွင်းသို့ ရောက်ဖူးရန် အလွန်မျှော်လင့်နေခဲ့ဖူး၏။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now