Part 20

837 102 1
                                    

20 01

CHAPTER (20)

ဟယ်ယန့်အရှေ့၌ ဟယ်ယွင်ရှန်း မတ်တပ်ရပ်လျက် ကိုယ်ဖြင့် ကွယ်ထားပေးသည်ကို မြင်၍ ဖန်းချန်အနည်းငယ် အံ့အားသင့်သွားသည်။ ဤဟယ်ယန် နှင့် ဟယ်ယွင်ရှန်း မောင်နှမနှစ်ဦးသည် မည်သည့် အခါမျှ ကောင်းမွန်သည့် ဆက်ဆံရေးမရှိဖူးခဲ့ပေ။ ဟယ်ယန် နှင့် အချိန်ကြာမြင့်စွာ သိကျွမ်းလာခဲ့သော်လည်း ဤမိန်းမပျိုနှင့် ဟယ်ယွင်ရှန်း တို့ တစ်နေရာတည်း၌ အတူတကွ ရှိနေခဲ့သည့် အချိန်မျိုးကို မမြင်ဖူးခဲ့ပေ။ မတော်တဆလမ်း၌ ကြုံကြိုက်မိခဲ့ချိန်မျိုး ဖြစ်ခဲ့ပါစေ အမြဲလိုလို စကားများရန် ဖြစ်နေခဲ့ကြစမြဲပင်။ သို့သော် လက်ရှိဟယ်ယွင်ရှန်း ပုံစံကို ကြည့်ခြင်း အားဖြင့် ရန်ဖြစ်စကားများထားသည့် ပုံစံမရှိလျက် ထို့အစား ထိုကောင်လေးမှ ဟယ်ယန့်ကို ကာကွယ်ပေးနေသည်။ ဤမောင်နှမနှစ်ဦးကြား၌ မသိနိုင်သည့် ကိစ္စတစ်ခု များရှိခဲ့သလော။

တစ်ဖန်ဟယ်ယန့်ကို ကြည့်သောအခါ ထိုမိန်းမပျိုသည်လည်း မိမိအားပြန်စိုက်ကြည့်နေသည်။ ကြည်လင်တောက်ပသော မျက်ဝန်းတစ်စုံ၌ သဘောထားကြီးမှုဖြင့် ပြည့်လျှံနေ၏။ ထိုမျက်ဝန်းများ၌ ချစ်ကြိုက်သဘောကျမှုတို့ပျောက်ကင်းနေခဲ့ပြီး မိမိအပေါ်ခံစားချက်ရှိသည့် မျက်ဝန်းမျိုးမဟုတ်ပေ။ အရှေ့သို့ ခြေတစ်လှမ်းတိုးပြီး စိုးရိမ်ပူပန်မှုစိတ်အပြည့်ဖြင့် ဖန်းချန်မှ

"ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မင်းအသည်းအသန်နေမကောင်းဖြစ်နေခဲ့တယ်လို့ ကိုယ်ကြားတယ် မင်းသက်သာသွားမှန်းကိုယ်မသိခဲ့ဘူး မင်းကိုယ့်ကို မင်းအတွက်အားဖြည့်စာလေးများပို့ပေးစေချင်လားဟင် မင်းဘာစားချင်လဲ မင်းကြည့်ရတာပိန်သွားလိုက်တာ ကိုယ်တကယ်ပဲစိတ်ပူမိတယ်"

ထိုသူ့ရုပ်ရည်အသွင်ပြင်သည်မဆိုးလှပေ။ အလွန်အမင်း တန်ဖိုးကြီးအဝန်အစားများဝတ်ဆင်ထားပြီး အလွန်အမင်း စိုးရိမ်ပူပန်ပြနေ၏။ အကယ်၍ သခင်မလေးဟယ်သာ ဤနေရာ၌ ရှိခဲ့သော် ထိုအပြောစကားများကြောင့်မျက်ရည်များပင်ကျလောက်ပါဘိ။ဟယ်ယန် ပြန်လည်တုံ့ပြန်ချိန်မရခဲ့ပေ။ အကြောင်း မူ ဟယ်ယွင်ရှန်း မှ ဖန်းချန်၏ စကားကြောင့်ဟယ်ယန် ပြန်လည်စိတ်ယိုင်သွားခဲ့သည်ကို စိုးရိမ်၍ အစ်မဖြစ်သူထက်ဦးစွာ အလျင်အမြန်ဖြေကြားခဲ့သောကြောင့်ဖြစ်၏။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now