Part 27

852 83 1
                                    

27 01

CHAPTER (27)

ဖန်းချန် အသက်ပျောက်နှင့် နေပြီ။ ဟယ်ယွင်ရှန်း မိမိအရှေ့မှ မြင်ကွင်းကို ငေးကြောင် ကြည့်နေမိသည်။ ဖန်းချန်အလောင်းမှ သွေးများဆက်လက် စီးထွက်နေခဲ့ပြီး ဓားတိုမှ ၎င်း၏ ဝမ်းဗိုက်တည့်တည့် ထိုးဖောက်ဝင်နေခဲ့သည်။ ဟယ်ယွင်ရှန်း အာခေါင်ခြောက်လာသည်။ ခဏအကြာ ကောင်လေး၏ နှုတ်ခမ်းတစ်စုံတို့ ပွင့်အာလာပြီး ထွက်ပေါ်လာသည့် အသံတို့မှာတုန်ရီနေသော်လည်း သေခြင်း တရားကို ရင်ဆိုင်မည့်ဆုံးဖြတ်ချက်တို့ပါဝင်နေခဲ့သည်။

"ငါရုံးတော်သွားပြီး သူ့ကို သတ်ခဲ့ကြောင်းငါကိုယ်တိုင်ဝင်ခံလိုက်မယ်"

မတ်တပ်ရပ်ပြီးအရှေ့သို့ ငေးငိုင်စွာ လျှောက်လှမ်းလိုက်သည်။ သို့သော် နှစ်လှမ်းမျှ သာလျှောက်ခဲ့ရသေးပြီး ကျောဘက်ရှိတစ်စုံတစ်ဦး မှ လှမ်းဖမ်းဆွဲလိုက်သဖြင့် ဟန်ချက်ပျက်လုနီးနီးဖြစ်သွားခဲ့သည်။ ဟယ်ယန် မှ

"မင်းဘာအမှုအတွက်မင်းကိုယ်တိုင်ဝင်ခံမှာလဲ"

"သူသေသွားပြီ ငါ ငါ့အသက်နဲ့ပြန်ပေးရမှာပေါ့"

ဟယ်ယွင်ရှန်း အစ်အောက်ပြောလိုက်ပြီး

"ဒါမှ သင့်လျော်မှန်ကန်တဲ့အရာပဲ"

"ဒီလိုလူမျိုးအတွက် မင်းအသက်ပေးရတာမထိုက်တန်ဘူး"

လှေကြမ်းပေါ်၌ ပက်လက်သေဆုံးနေသည့် ဖန်းချန်ကို ဟယ်ယန် ငဲ့ကြည့်လိုက်သည်။

"အစကတည်းက ဒီနေ့ကျော်သွားခဲ့ရင်တောင် ဖန်းချန်ဒီကိစ္စကို ဒီတိုင်းအနားမပေးဘူး ဆိုတာ ကို ငါတွေးခဲ့ပြီး သား အနှေးနဲ့အမြန် ဟယ်မိသားစုဒုက္ခရောက်မှာပဲ အခုတော့ ပြဿနာတစ်ခု အေးသွားပြီ သူအခုသေသွားလို့ အနာဂတ်မှာဟယ်မိသားစု ပိုငြိမ်းချမ်းသွားရလိမ့်မယ်"

"အဲဒီတုန်းက သူဘာပြောခဲ့လဲ မင်းမှတ်မိသလား"

ထိုအချိန်၌ ဖန်းချန်မှ မိမိအားသတ်လိုခဲ့သည်ကို ဟယ်ယွင်ရှန်း မှတ်မိခဲ့သည်။ ကောင်လေးမှ

"တပ်အရာရှိတစ်ဦး ရဲ့ သားသေသွားရင် သေသွားတယ်ပေါ့ မင်းသေသွားတာနဲ့မင်းအစ်မကို ကျွန်ပြုပြီး နေ့တိုင်းငါ့ကစားစရာလုပ်ပစ်မယ် ငါသူ့ကို စိတ်ကုန်သွားရင် ဆောင်ကြာမြိုင်မှာရောင်းစားပစ်ရုံပဲ"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now