Part 5

1K 137 0
                                    

CHAPTER (5)

လက်ရှိအိပ်မက်သည် အတော်အချိန်ကြာ၏ဟု ဟယ်ယွင်ရှန်း ထင်မှတ်မိသည်။ အစ်မဖြစ်သူသည် မနက်မိုးလင်းချိန်မှစ၍ မိမိအနောက်မှ ထပ်ကြပ်မကွာ တောင်ပေါ်သို့ လိုက်ပါလာခဲ့ပြီး ထင်း‌ခုတ်နေခဲ့သည်။ ယခုအခါ သူ၏အထုပ်အတွင်းမှ မုန့်အချို့ကို ထုတ်ယူပြီး မိမိအား တစ်ခုကမ်းပေးလာသည်။ ဟယ်ယွင်ရှန်း ငြင်းဆန်လိုခဲ့သော်လည်း ချိုအီသည့် မုန့်အနံ့မှ မိမိအနံ့ခံ အာရုံအတွင်း တိုးဝင်လာသည်။ ဟယ်ယန်သည်လည်း သူ့ဝေစုကို သူ့ဟာသူ စတင်ကိုက်စားနေခဲ့ချိန် သတိမထားမိဘဲ ဟယ်ယန် ကမ်းပေးခဲ့သည့် မုန့်ကို ဟယ်ယွင်ရှန်းလက်ခံနှင့်ခဲ့ပြီ။

မုန့်တစ်ကိုက်၊ ကိုက်လိုက်ပြီး ခံစားမိသည့် ချိုအီသော မုန့်အရသာသည် ဟယ်ယွင်ရှန်းအဖို့ စိမ်းကားလို့နေသည်။ ဟယ်စွေ့သည် အလွန်ဘက်လိုက်သူ ဖြစ်၏။ ကောင်း‌ပေ့ဟူသမျှ အရာအားလုံးကို ဟယ်ယန်ကိုသာ ဦးစားပေးလျက် ဟယ်ယန်သည်လည်း ဝေမျှလိုစိတ် မရှိသူတစ်ဦး ဖြစ်ခဲ့သည်။ မောင်ဖြစ်သူမှ ဖြည်းညှင်းစွာ မုန့်စားနေသည်ကို မြင်၍ မိမိလက်အတွင်းမှ စားလက်စမုန့်အား မောင်ဖြစ်သူ လက်အတွင်းသို့ ဟယ်ယန် ထိုးထည့်ပေးပြီး

"ကျန်တာ အကုန်စားလိုက်တော့ ငါဗိုက်ပြည့်သွားပြီ"

ဟယ်ယွင်ရှန်း မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ မိမိနှင့် အစ်မဖြစ်သူသည် နှစ်ဦးတည်းသော ဟယ်မိသားစုဝင်များ ဖြစ်ကြသည်။ ယခင်၌ ဟယ်စွေ့သည် ကုန်ထမ်းသမားတစ်ယောက် ဖြစ်ပြီး မြို့တော်သို့ ကုန်ပို့ကုန်‌ထမ်း လုပ်ဆောင်ခဲ့ရသူတစ်ဦး ဖြစ်သည်။ တစ်နေ့လမ်းခုလတ်၌ ဓားပြတိုက်ငွေညှစ်ခံနေရသည့် မြို့မှပညာရှင်မိသားစုတစ်စု၏သမီးဖြစ်သူနှင့်တွေ့ကြုံပြီး ထိုမိန်းမပျိုလေးကိုဓားပြတစ်အုပ်ထံမှကယ်တင်ပေးခဲ့သည်။ ထို့နောက် မိန်းမပျိုလေးနှင့်သာလက်ထပ်အိမ်ထောင်ပြုခဲ့ပြီး ၎င်းတို့အိမ်ထောင်ရေးသည် သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးလေးဖြစ်လာခဲ့သည်။ ထိုပညာရှင်မိသားစု၌ သမီးလေးတစ်ဦးသာရှိပြီး ဟယ်စွေ့မူမိဘမဲ့ဖြစ်သဖြင့် ထိုမိသားစု၏သားမက်အဖြစ်လိုလိုလားလား လက်ခံခဲ့သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးOù les histoires vivent. Découvrez maintenant