part-1

7.5K 42 2
                                    

"သမီးကြီးရေ..."

"လာပြီ..မေမေ"

"မေမေက ခုဆိုင်သွားတော့မလို့ မောင်လေးကို အခုနိုးလိုက်ဦးကျောင်းနောက်ကျနေမယ် အမေက ဝယ်လက်နဲ့ ချိန်းထားလို့သွားပြီနော် မုန့်ဖိုးက မှန်တင်ခုံအံဆွဲထဲက လိုသလောက် ယူသွားနော်"

"ဟုတ်"

ဟေမာန့်မေမေက HMစိန်ရွှေရတနာဆိုင်ဖွင့်ထားပြီး ဖေဖေက M2ကုမဏ္ဏီထောင်ထားသည်။ဖေဖေက ခုအလုပ်ကိစ္စကြောင့် UKသို့ရောက်နေသည်။ဟေမာန်က မွေးစားသမီးဖြစ်ကာ မိုးမာန်ကတော့ သားအရင်းဖြစ်သည်။HMက ဟေမာန်ကို ကိုယ်စားပြုပြီး M2ကတော့ မိုးမာန်အမည်ဖြစ်သည်။

"မိုးမာန်..."

ဒီကောင်လေးက တော်တန်နိုးလို့ရတာမဟုတ် စောင်တွေဆွဲယူလိုက်လဲ တုတ်တုတ်မျှမလုပ်သောကြောင့်နောက်ဆုံးလက်နက်အနေနဲ့ ​ကြက်တောင်မွှေးယူပြီး ခြေထောက်ကိုကလိလိုက်မှ ကိုယ်တော်ချောက ထတော့သည်။

"ဟာဗျာ.. မမကလဲ စောကြီးရှိသေးတာ"

အခုထိမျက်လုံးကမဖွင့် မျက်တောင်လေးတွေကကော့ညွှတ်နေပြီး နှာတံကစဥ်းစဥ်းလေး နုတ်ခမ်းဆိုလဲ နီတာရဲဖူးဖူးလေး ကောင်မလေးတွေက သူ့ကြိုက်တာလဲမပြောနဲ့ မိုးမာန်က အတော်ချောသည်။တစ်ခါတစ်လေ ရုတ်တရက်ကြည့်ရင် ထိုင်းမင်းသားBrightနဲ့တူသည်။

"နာရီကြည့်လေ ခုဘယ်ချိန်ရှိပြီလဲ နင့်ကြောင့် ငါနောက်ကျတော့မှာ "

"၅မိနစ်ပဲနော် ခနပဲ ဆက်အိပ်ဦးမယ်.."

"မရဘူး အခုထ မထရင် နင့်ပုံတွေကိုအတန်းရှိလူကုန်ပြမှာနော်"

"ထပြီ ထပြီ ဒါနဲ့ပဲ လာခြိမ်းခြောက်နေတာ"

မနှစ်က ဟေမာန့်မွေးနေ့မှာ သူ့ကို အလှပြင်ပေးပြီး မိန်းကလေးအဝတ်အစားတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေဖြစ်သည်။မိုးမာန်က အသားအရေဖြူပြီး ချောတာကြောင့် ကျောင်းမှာဆို နာမည်ကြီးသည်။ဟေမာန်ကတော့ဆန့်ကျင့်ဘက် အသားအရည်က ဝင်းမွတ်ပြီး ရုပ်ရည်က ပုံမှန်လောက်သာဖြစ်သည်။

"မပြီးသေးဘူးလား ပြင်ဆင်လို့က မနက်စာ စားဖို့စောင့်နေတာ ကြာရင် စားနှင့်ပြီးသွားတော့မှာနော်"

မောင့်အချစ်ရဆုံးWhere stories live. Discover now