part-3

2.1K 18 0
                                    


ဟေမာန်ကျောင်းကပြန်ရောက်တော့  အိတ်ထဲက phone ringtoneက အသံမြည်နေတော့ ကြည့်လိုက်တာ ဖုန်းစိမ်းဖြစ်နေသည်။

"Hello ဘယ်သူလဲ မသိဘူး"

"နင့်ယောင်းမနေနွယ် ဒီအပတ်ပိတ်ရင် အိမ်လာလည်မယ်နော်"

"ငါ့ဆီလား ငါ့မောင်ဆီလား"

"နင့်မောင်ဆီပေါ့  မေးစရာလိုလို့လား"

"ရပါတယ် ငါကနင်လာရင် ရေဘဝဲချဥ်စပ်ထောင်းလေး လုပ်ကျွေးမလို့ကို နင်ကငါ့ကိုတွေ့ချင်လို့လာတာမဟုတ်တော့ မလုပ်ကျွေးတော့ဘူး"

"ယောင်းမနော် ဒီကစတာကို သူကဖြင့်ကျောင်းအသစ်မှာ သူငယ်ချင်းအသစ်တွေနဲ့ ဒီလူကိုမေ့ထားပြီး"

"မေ့စရာလား နင့်ဆီဆက်ဖို့ ဖုန်းနံပါတ်မှမသိတာ နင်ဖုန်းဘယ်တုန်းကဝယ်လိုက်တာလဲ"

"ဒီနေ့ပဲ မေမေလိုက်ဝယ်ပေးတာ ဖုန်းရရချင်းဆက်လိုက်တာပါနော် ဟွန့်"

နေနွယ့်အိမ်က ပိုက်ဆံရှိပေမယ့် စည်းကမ်းတင်းကြပ်သည်။ဟေမာန့်အိမ်ကဆို ၁၀တန်းကတည်းက ဖုန်းဝယ်ပေးထားသည်။

"ဟုတ်ပါပြီ စနေနေ့ကျ လာခဲ့နော် ပြင်ဆင်ထားမယ်"

မိုးမာန်အိမ်ထဲ ဝင်ဝင်လာချင်းဧည့်ခန်းထဲကခုံပေါ်မှာ ပြုံးပြီးဖုန်းပြောနေတဲ့မမကို ကြည့်ပြီး ဘဝင်မကျဖြစ်လာရသည်။သူ မမဘေး ကပ်ထိုင်လိုက်ရင်း

"မမ ဘယ်သူ့ဆီကလဲ"

"နေနွယ့်ဆီက ဒီအပတ်စနေ လာမလို့တဲ့"

"မမ ကိုလိုက်နေတဲ့ကောင်လေးမရှိဘူးလား"

"အခုတော့မလိုက်သေးဘူး နောက်တော့မသိဘူးလေ"

ဟေမာန့်ကို ကြည့်ကြည့်နေတဲ့ကောင်လေးကိုတော့သိသည်။ ဟေမာန်ယောက်ျားလေးတွေကို စိတ်မဝင်စားပါ တစ်ယောက်ထဲအေးဆေးနေချင်တာကြောင့် ဖွင့်ပြောလာလျှင်လဲ ငြင်းဖို့အသင့်ဖြစ်နေသည်။

"ဘာကိုမသိတာလဲ မောင်လေးကို အရင်တိုင်ပင်နော်မမ"

မမသာမတော်တရော်နဲ့တွေ့ရင် သူရင်ကျိုးရမှာ။

"အင်းပါ နင်ကော ကောင်မလေးတွေထားနေတုန်းလား"

"ခုနောက်ပိုင်းမထားတော့ပါဘူး"

မောင့်အချစ်ရဆုံးOù les histoires vivent. Découvrez maintenant