part-2

2.5K 22 0
                                    

အချိန်တွေတစ်ဖြေးဖြေးကုန်လာလိုက်တာ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့သို့ပင် ရောက်လာခဲ့ပြီ။
မမကစာမေးပွဲမှာ ၄ဘာသာပါပေမယ့် သူကတော့ ကျသည်။ဖေဖေကတော့ သူ့ကိုမကြည် မေမေကတော့ ဘာမှမပြော အပြုံးမပျက်ပင်။ဖေဖေက အရင်လကတည်းကUKကနေပြန်ရောက်နေပြီဖြစ်သည်။

"ဒီနှစ်မအောင်လဲ နောက်နှစ်ပေါ့ ငါ့သားဘာမှမဖြစ်ဘူးနော် စိတ်ညစ်စရာမလိုဘူး"

"မိနွေ မင်းကြောင့်မို့ သားကဆိုးနေတာ မင်းကြပ်ကြပ်အလိုလိုက်"

ဖေဖေက ဘာမှဖိအားပေး မပြောပေမယ့် မပျော်ရွှင်။ စာမေးပွဲကျလို့မဟုတ် မမနဲ့အတူ ကျောင်းသွားလို့မရသောကြောင့်ဖြစ်သည်။ မမဟာအနေအေးသောကြောင့် ကွယ်ရာမှာဆိုသူစိတ်မချ။

"မမက ဘယ်တက္ကသိုလ် လျှောက်ထားတာလဲ"

"ဆေးတက္ကသိုလ်လျှောက်ထားတယ်"

သူ့စိတ်ထဲ မကြိုးစားခဲ့မိလို့ ခုမှနောင်တရနေမိသည်။တကယ်ဆို မမနဲ့ တက္ကသိုလ်အတူတက်ဖို့ကြိုးစားခဲ့ရမှာ။

ဒီနေ့က မမရဲ့ တက္ကသိုလ် ပထမဆုံးသွားရမယ့်နေ့မို့ သူ့စိတ်ထဲ ဝမ်းနည်းအလိုမကျဖြစ်နေမိသည်။တကယ်ဆို သူမျှော်လင့်မိတာက အတူတူ တက္ကသိုလ်တက်ဖို့မလား။

မနက်စာစားဖို့ ထမင်းစားခန်းထဲ ဝင်လာတဲ့မမဟာ အရင်ကထက် ပိုလှနေသလိုပင်။ လပြည့်ဝန်းလေးလို မျက်နှာမှာ မျက်တောင်က ကော့စရာမအောင် ကော့ညွှတ်နေပြီး နှာတံဖြောင့်စင်းနေတာလေးက ချစ်စရာပင်။နူတ်ခမ်းက ဖူးဖူးလေးမဟုတ်ပေမယ့် နုတ်ခမ်းပါးပါးလေးနဲ့ တည်ငြိမ်နေတဲ့ အလှပိုင်ရှင်လေးဖြစ်သည်။အညိုရောင် ကချင်ဝမ်းဆက်လေးနဲ့ ဆံပင်ကိုက ဖြန့်ချထားသည်။မမကို ကြည့်ရင်းနဲ့ တစ်ယောက်ထဲ စိတ်မချဖြစ်လာရသည်။

"မမ ခနလိုက်ခဲ့မယ်"

"မင်းကျောင်းသွားရမယ်မလား ငါ့ဖာသာ သွားလိုက်ပါ့မယ်"

"လိုက်ချင်လို့ပါဆို တစ်ခါပဲ"

"လိုက်ခဲ့ ညကျ စာလုပ်နော်"

သူပူဆာတိုင်း ကြာကြာမပြောရ ၂ခါလောက်ပြောလိုက်ရုံနဲ့ မမက အလိုလိုက်နေကြ။

မောင့်အချစ်ရဆုံးWhere stories live. Discover now