နေနွယ်ကျောင်းရှေ့ လော်ဘီနားကားကပ်ရပ်ပြီး မိုးမာန်ကိုစောင့်နေရင်း သူမ ကားရှေ့မှန်ကိုကြည့်ကာ နုတ်ခမ်းနီထုတ်ဆိုးပြီး မျက်နှာပေါ်powderပါးပါးပုတ်လိုက်သည်။မိုးမာန်ကားအဖြူကိုမြင်တာနဲ့ သူ့ကားဆီသို့ သူမခြေလှမ်းတွေကို ဦးတည်လိုက်သည်။
"မိုးမာန် အခန်းသိပြီးပြီလား"
"မသိသေးဘူး"
"အဲ့တာဆို ကျောင်းသားရေးရာရှေ့ကပ်ထားတဲ့စာရွက်သွားကြည့်ပြီး နင့်အခန်းကိုလိုက်ကူမယ်"
မိုးမာန်လဲ အခုမှစရောက်တာဆိုတော့ ယောင်လည်လည်ဖြစ်နေတာကို နေနွယ်ကအခန်းရှာကူမည်ဆိုတော့ သူကျေးဇူးတင်မိသည်။
"ကျေးဇူးပါ နေနွယ်"
"မလိုပါဘူးဟယ် အချင်းချင်းတွေကို"
နေနွယ့်အကူအညီနဲ့ သူ့အခန်းကို ခဏနဲ့ရှာတွေ့သည်။
"ငါအတန်းချိန်ရှိလို့ သွားတော့မယ်နော်"
"အေး ငါပြန်လိုက်ပို့မယ်"
မိန်းကလေးတစ်ယောက်ထဲမို့ သူလိုက်ပို့မယ်ပြောသော်လည်း...
"တော်ပြီ နင်တစ်ခေါက်ပြန်လာနေရမယ် အရင်ဖုန်းကပျက်သွားလို့ ငါ့ကို နင့်ဖုန်းနံပါတ်ပေးထားလေ နေ့လည်ကျရင် မုန့်အတူစားမယ်လေ ကန်တင်းကနေစောင့်နေမယ်"
"09×××××××"
သူစာသင်နေတုန်း မမဆီစိတ်ရောက်သွားသည်မို့ ဟိုကောင်နဲ့များတွေ့နေများမလားဆိုပြီး တွေးနေမိသည်။စာထဲလဲစိတ်မရောက်ဖြစ်နေသောကြောင့် အတန်းချိန်တစ်ချိန်ပြည့်ပြီးတာနဲ့ သူထထွက်လာခဲ့လ်ုက်ပြီး မမအခန်းရှေ့နားက ခုံမှာထိုင်စောင့်နေသည်။ဆရာမထွက်လာခဲ့ပြီးနောက် မမ အခန်းထဲကထွက်လာသည်။
"ဒီနေ့ ကျောင်းတက်ရမှာလေ ဘာလာလုပ်တာလဲ"
"လွမ်းလို့ မြင်ချင်တာနဲ့ လာတွေ့တာ"
"နောက်အတန်းချိန်ကလွတ်လို့မရဘူး ပြန်တော့"
"နေ့လည်စာအတူစားဖို့ ၁နာရီခွဲပဲကို စောင့်နေမယ်"
မမစာသင်ပြီးတာနဲ့ အိတ်အလှလေးလွယ်ပြီး ထွက်လာခဲ့သည်။
"လာ သွားမယ် "
YOU ARE READING
မောင့်အချစ်ရဆုံး
Romanceရည်းစားပွေတဲ့ကောင်လေးနဲ့ မွေးစားအမဖြစ်တဲ့ရိုးရိုးအေးအေးကောင်မလေးတို့ကြား သူစိမ်းကောင်လေးပါဝင်လာသောအခါ...🔞