part-7

2K 18 0
                                    

သူလက်ဖယ်ချလိုက်တော့ မမမျက်နှာငိုမဲ့မဲ့ဖြစ်သွားတာမို့ သူချက်ချင်းချော့လိုက်သည်။

"မမကို စိတ်မဆိုးဘူး မမကသာ စိတ်ဆိုးရမှာ နောက်ခါအဲ့လိုမပြောတော့ဘူးနော် သူငယ်ချင်းတွေအရှေ့အဲ့လိုပြောမိသွားတာကလဲလေ ရုတ်တရက် သူစိမ်းလူနဲ့ ပထမဆုံးတွေ့လို့ လက်မခံနိုင်သလို ဖြစ်သွားတာ"

"မမနားလည်ပါတယ် ပြန်အဆင်ပြေကြမယ်နော်"

သူမမရဲ့လက်နှစ်ဖက်ကိုယုယုယယကိုင်ပြီး နုတ်ခမ်းလေးနဲ့အသာဖွ နမ်းလိုက်သည်။အရင်အခါတွေနဲ့မတူ ဒီတစ်ခါတော့ အဆင်ပြေစမို့ထင် လက်ဖမိုးနမ်းရတာ ကြည်နူးနေမိသည်။လက်နှစ်ဖက်ကို သူမလွတ်ပေးသေးပဲ ဆက်ပြီးကိုင်ထားမိသည်။

"မမက အဲ့အကိုကို ဘယ်လိုသဘောရလဲ မောင်လေးက ကျောင်းစသွားတဲ့နေ့ကတည်းက သတိထားမိနေတာ"

"သတိထားမိတာကြာပါပြီ အစက ငြင်းမယ်စိတ်ကူးထားပေမယ့် အခုအချိန်ယူပြီးလေ့လာရမလားလို့ပါ သူကတော့ဖွင့်မပြောသေးပါဘူး "

"မမအပေါ်သာကောင်းရင် သဘောတူတယ် အနိုင်ကျင့်လို့ကတော့ မရ ရအောင်ခွဲမှာ"

"အင်း အခုလက်ဖက်သွားသုပ်တော့မယ် စာလုပ်နေနော်"

သူ့လက်ထဲက  လက်ဖဝါးနှစ်ဖက်ကို မမကဆွဲယူသွားတော့ ဝမ်းနည်းသလိုလိုပင်။စားပွဲပေါ် စာအုပ်ရှေ့ချထားပေမယ့် စာထဲစိတ်မရောက် ခုန်နေဆဲရင်ခုန်သံတွေအကြောင်းတွေးနေမိသည်။သူ မမအပေါ် ရင်ခုန်နေတာလား? လက်ဖမိုးနမ်းတာကိုလဲ သူဘာကြောင့် ကြည်နူးမိတာလဲ?များစွားသော မေးခွန်းတွေသာရှိနေပေမယ့် အဖြေက မပေါ်လာပေ။

"ကဲ ... ရပါပြီရှင်"

မမအခန်းထဲဝင်လာတော့ တွေးလက်စအတွေး ဖြောက်ပြစ်လိုက်သည်။လက်ဖက်သုပ်၁ဇွန်းစားလိုက်ပြီး မမကို လက်မထောင်ပြလိုက်သည်။ပြုံးနေတဲ့ မမ မျက်နှာလေးက ခုနကလိုမဟုတ်တော့ပဲ ကြည်လင်နေတာပဲ ဖြစ်သည်။မမက စာကြည့်ကူပြီးပြန်သွားတဲ့အချိန်ရောက်တော့ အကြောင်းစုံသိချင်ခို့ နေနွယ်ဆီကို ဖုန်းဆက်ကြည့်သည်။

နေနွယ်အိပ်ခါနီးringtone မြည်လာတာနဲ့ ကြည့်လိုက်တော့ ကိုယ့်crushလေး ဖြစ်နေတာ ပျော်လိုက်တာအရမ်းပဲ။

မောင့်အချစ်ရဆုံးWhere stories live. Discover now