part-4

2.1K 17 0
                                    


ဒီနေ့ ဟေမာန့်ဆီကို သွားမှာမို့ရင်ခုန်နေမိသည် ။ မိုးမာန်ကို မတွေ့ရတာကြာပြီမို့တွေ့ချင်လွန်းလို့ မေမေ့ကို မနည်းပြောထားရသည်။

လမ်းမှာ ဖက်ထုတ်ကြော်ဆိုင်တွေ့လို့ ဟေမာန်လဲ ကြိုက်တော့ မိုးမာန်လဲကြိုက်မယ်ဆိုတာ သူသိနေသောကြောင့် ပါဆယ်၂ပွဲ ဝယ်လိုက်သည်။အိမ်ရှေ့ရောက်တော့ တန်းမဝင်သေးပဲ ကားမှန်ကိုကြည့်ကာ နုတ်ခမ်းနီလေးဆိုးပြီးမှ ဟွန်းတီးလိုက်သည်။ကျောင်းလာရင် လိုက်ပို့နေကြဦးလေးကြီးက အပြေးလေး လာဖွင့်ပေးတော့ ဦးလေးကြီးကို နေနွယ်ပြုံးပြလိုက်သည်။

ကားသံကြားတာနဲ့ ဟေမာန်က အိမ်ကနေထွက်ကြိုသည်။ကားပေါ်ကဆင်းဆင်းခြင်း မိုးမာန်ကို မတွေ့တာကြောင့် ဟေမာန့်နားကပ်ခါတိုးတိုးလေးမေးလိုက်တယ်။

"ယောင်းမ နင့်မောင် အပြင်မသွားဘူးမလား"

"ကောင်မလေးနော် အတော်ဖြစ် သူရှိပါ့ အပေါ်မှာစာလုပ်နေတယ်"

"ကြားသားမိုးကျိုးပါလား"

"ဟုတ်တယ် ဆေးအတူတက်မလို့တဲ့ ရေဘဝဲကပြင်ဆင်ထားပြီ အကုန်အဆင်သင့်ပဲ ထောင်းရုံပဲကျန်တော့တာ"

"အင်း ဖက်ထုပ်ကြော်ဝယ်လာတယ် ငါ့ယောင်းမလေးအကြိုက်"

"မသိခက်မယ်နော် ဒေါ်နေနွယ်အောင်"

အိမ်ထဲဝင်လိုက်တော့ နေနွယ် ခုမှရောက်ဖူးတာကြောင့် အံ့သြမိသည်။ချမ်းသာမှန်းသိပေမယ့် ဒီလောက်ထိ ချမ်းသာမှန်းသူမသိခဲ့။အလှဆင်ထားတဲ့ ပရိဘောဂပစ္စည်းတွေက အတော်စျေးကြီးမှန်း နေနွယ် သိသည်။

"နေနွယ် ခနထိုင်ဦးနော် ငါ့မောင်သွားခေါ်ဦးမယ်"

သူခေါင်းလေး အသာငြိမ့်ပြလိုက်သည်။ခနနေတော့ မောင်နှမ နှစ်ယောက်အတူဆင်းလာကြသည်။မိုးမာန်က သူ့ကိုပြုံးပြနေတာ သူအကြည့်မမှားနိုင် တကယ်ပြုံးပြနေတာပင် ခနအကြာ လူကကြောင်သွားပြီးမှ သတိဝင်လာတော့ သူ့ရှေ့ခုံမှာထိုင်နေသည်။

"နေနွယ် နေဦးနော် ငါရေဘဝဲထောင်းပြီးယူလာမယ် အေးဆေးစကားပြောနေ"

မတော်ရသေးတဲ့ယောင်မက အလိုက်သိလိုက်ပုံများ...ပြောပြီး ကဗျာကယာ မီးဖိုချောင်သို့ သွားသည်။

မောင့်အချစ်ရဆုံးWhere stories live. Discover now