part-8

2.1K 16 0
                                    

သူအောင်စားရင်းထွက်မယ့်နေ့မို့ အိပ်လို့မပျော်ပေ။အောင်မှာသေချာပေမယ့် ဆေးကျောင်းမမှီမှာ စိုးရိမ်မိသည်။Onlineကနေကြည့်လို့ရတဲ့applicationကို downပြီး ရင်တမမနဲ့ ကြည့်လိုက်တော့ သူ၄ဘာသာ ပါသည်။

"Yeah"

၄ဘာသာတော့ပါပြီ အမှတ်ပဲကျန်တော့သည်။ဒီနေ့မနက်  မေမေ့မျက်နှာ အပြုံးပန်ဝေနေတာကို မြင်တော့ မနှစ်ကသူစာမေးပွဲကျတာ စိတ်မကောင်းဖြစ်မိသည်။မေမေ့ကို သူ့ကြောင့်ထပ်ပြီး စိတ်မဆင်းရဲစေချင်တော့ပါ။မနက်စာ စားပွဲဝိုင်းမှာ  ရယ်မောပျော်ရွှင်သံတွေနဲ့။

"သားကို ကားဝယ်ပေးမယ်လို့ ကတိပေးထားတယ်နော်"

"သားစိတ်ကြိုက် ကားshowroomကို သွားကြည့်ပြီး ဖေ့အမည်သာပြောလိုက်"

ဖေဖေကုမ္မဏီအပြင်က ကားလုပ်ငန်းလဲ ထောင်ထားတာမို့ ဖေ့အမည်ပြောရုံဖြင့် ကြိုက်ရာ လက်ညိုးထိုး ထုတ်ယူယုံပင်ဖြစ်သည်။

"မမ ကားရွေးရင် လိုက်ခဲ့နော်"

"အင်း လိုက်ခဲ့မယ်"

ကားshowroomကိုရောက်တော့မမရွေးပေးတဲ့  model 2021ကားအဖြူလေး သူယူလိုက်သည်။မြို့ထဲလျှောက်ပတ်နေတာ နေ့လည် ၁၂နာရီခွဲရောက်တော့ ထမင်းပေါင်းဆိုင်မှာ ကားရပ်လိုက်သည်။တနေကုန် မမနဲ့အတူ လျှောက်လည်ဖြစ်သည်။

အမှတ်ထွက်လာတော့လဲ၅၀၈ မှတ်ရတာမို့ သူဆေးကျောင်းတက်လို့ရမှန်း တပ်အပ်သိသည်။သို့သော် ပျော်စရာဟာ တစ်နေ့ထဲနဲ့တင် ပျက်စီးသွားရသည်။

ထမင်းစားသောက်ပြီးတော့ မိသားစုလိုက် TV ကြည့်ရင်း အသီးခွဲစားကြသည်။

"ဘယ်လိုင်းလျှောက်ဖို့ တွေးထားလဲ "

"ဆေးကျောင်းလျှောက်မှာဖေဖေ"

"ဖေ့အလုပ်ကို လက်လွှဲယူရမှာလေ စီးပွားရေးပဲ တက်ပါလား နောက်ပိုင်းဒီအလုပ်တွေ သားလုပ်ရမှာလေ"

"သာအဖေ့ အလုပ် လက်လွှဲယူမှာပါ ဒါပေမယ့် ဆေးကျောင်းပဲတက်ချင်တယ်"

"ဘာလို့တက်ချင်ရတာလဲ "

ဖေဖေမေးတော့ သူ့မှာပြောစရာအကြောင်းပြချက်မရှိ။

"သမီးတုန်းက ပရဟိတ ဆရာဝန်ဖြစ်ချင်တယ်ဆိုလို့ မလွဲသာလို့သာ ခွင့်ပြုခဲ့ရတာ သားကိုတော့ ခွင့်မပြုနိုင်ဘူး လုပ်စရာကိုယ်ပိုင်စီးပွားရေးတွေအများကြီးပဲ ဆရာဝန်ဘွဲ့ဆို ၇နှစ်တောင်အချိန်ကုန်တယ် ကိုယ့်အလုပ်နဲ့တိုက်ဆိုင်တဲ့ eco တက် အချိန် ၅နှစ်ပဲ"

ဆွေးနွေးညှိနှိုင်းရင်း အဖေ့ကို အရှုံးပေးလိုက်ရသည်။အမေကလဲ တောင်းဆိုနေတာမို့ လိုက်လျောလိုက်သည်။

မမစာမေးပွဲရှိတဲ့နေ့တိုင်း သူလိုက်သွားဖြစ်သည်။နောက်ဆုံးစာမေးပွဲနေ့ရောက်တော့ ဟိုအကိုက မမအနား ကပ်ပြီး စကားတွေပြောနေသည်။

"မတွေ့ရတာကြာပြီနော်"

"ဟုတ်"

ကန်တင်းမှာတွေ့ပြီးကတည်းက မတွေ့ရတာကြာပြီ ဖြစ်တဲ့သူ့မျက်နှာက အနည်းငယ်ချောင်ကျနေသည်။

"ရွာက အဖွားဆုံးလို့ ပြန်သွားတာ မနက်ဖြန်လို စာမေးပွဲဖြေမယ်ဆိုမှ ရောက်လာတာ"

"အဖွားဆုံးရှုံးသွားရလို့ စိတ်မကောင်းဘူး ဖြေနိုင်လား"

"ဖြေနိုင်တယ် ညီမကော"

"ဖြေနိုင်တယ် သွားတော့မယ်နော်  မောင်လေးပါတယ် စောင့်နေတာ"

"အင်း ညီမ အကို facebook account addထားတယ် လက်ခံပေးဦး"

သူအထင်လွဲမိနေတာပဲ။ချစ်ရတဲ့အဖွားကို ဆုံးရှုံးရတဲ့အပြင် သူမကပါ သက်ဆိုက်သူရှိနေတယ်ဆိုတဲ့အဖြစ်ကြောင့် သူရူးမတက်ခံစားခဲ့ရသည်။အခုတော့ သူ့မှာမျှော်လင့်ချက်သဲ့သဲ့လေး ရှိလာပြီ။

"ဟုတ် "

မိုးမာန်မြင်နေရတဲ့ မြင်ကွင်းဟာ သူ့ရင်ကို မီးစနဲ့ထိုးနေသလို ရင်ဘတ်တွေနာရသည်။ဟိုလူအကြောင်းလဲ သူစုံစမ်းခဲ့ပြီးပြီ ရည်းစားလဲမရှုပ်သလို သူတို့ထက်ပင် ချမ်းသာသေးသည်။သူစိတ်မချစရာ ဘာအကြောင်းမှမရှိ ဒါပေမယ့် သူဘဝင်မကျဖြစ်မိသည်။

"မမ သူကဘာပြောနေတာလဲ"

မမက ကားထဲဝင်ထိုင်လိုက်သည်။

"အော် သူ့အဖွားဆုံးတဲ့အကြောင်းနဲ့ facebookမှာ လက်သင့်ခံဖို့ပြောတာ"

မမအနားရှိရတာ သူ့အတွက် ပြည့်စုံနေတဲ့စိတ်ဖြစ်ရသည်။ခနနေက မြင်ကွင်းက သူ့စိတ်ကိုအနှောက်အယှက်ပေးသည်။မမက သူ့အနားမရှိတော့ပဲ တခြားသူအနားရောက်သွားရင် သူဘယ်လိုနေရမလဲ။နှစ်ယောက်သား စကားတပြောပြောနဲ့ အိမ်သို့ပင်ရောက်ရှိခဲ့လေသည်။

#Gerbera kyt

မောင့်အချစ်ရဆုံးWhere stories live. Discover now