Part-11

2.5K 20 0
                                    

Like 500ပြည့်လက်ဆောင်အပိုင်း😍😍(အပိုင်း-၁၁)🚨🚨
(ဤအပိုင်းတွင် warning+🔞ပါဝင်သည်)
"နင့်ခွင့်ပြုချက်ကို ငါကယူနေရဦးမှာလား"

သူမနိုင်ငံခြားကို ထွက်သွားဖို့ဆုံးဖြတ်ထားပြီးသားမလို့ ကလေးလဲမရချင်ပါ။လူ့လောကကြီးထဲခေါ်ပြီး သူမကလေးကို သူများတွေလက်ညိုးထိုးမှာကို မလိုလားပေ။

"ယူရမှာပေါ့ မောင်ကတစ်ခြားသူမှမဟုတ်တာ အောက်ထပ်မှာစောင့်နေမယ်"

သူမ သူဝယ်ပေးထားတဲ့အင်္ကျီဝတ်လိုက်ပြီး အောက်ဆင်းလာတော့ မေမေက မုန့်ပွဲတွေပြင်နေသည်။

"ငါ့သမီး မျက်နှာချောင်ကျသွားသလိုပဲ မောင်လေးနဲ့ ဘုရာအတူတူသွားမလို့ဆို ဒါစားပြီးမှသွားနော် ဖေကြီးကို ခုသွားခေါ်လိုက်ဦး"

နောက်ဆုံး မိသားစုစားပွဲဝိုင်းလေး ကို သူမ အမြဲအမှတ်ရနေမှာပါ။ဒီမှာနေရင် အဲ့ဒီအဖြစ်အပျက်ကို ဘယ်လိုမှမေ့ဖျောက်ထားလို့ကလဲမရနဲ့ ကြာရင် လူလဲလုံးပါးပါးတော့မယ်။

ကားပေါ်တက်တော့ နောက်ခန်းကိုထိုင်ဖို့လုပ်နေတာကို ရှေ့လာထိုင်လို့ပြောသောကြောင့် နောက်ဆုံးအနေနဲ့ ထိုင်လိုက်သည်။သူမကို မေမေလာခေါ်တုန်းက အဒေါ်လို အနိုင်ကျင့်မှာကြောက်ပြီး ၁လတိတိ ဘယ်သူနဲ့မှစကားမပြော။သူမဘဝမှာ မွေးမိဘကလွဲရင် မေနဲ့ဖေတို့က ချစ်ပေးခဲ့ကြ ၊ဖေးမပေးခဲ့ကြသလို အရိပ်တကြည့်ကြည့်နဲ့ ချစ်ပေးခဲ့ကြသည်။

ကျေးဇူးမသိတတ်ပဲ ရင်ခွင်ကိုခြေစုံကန် ထွက်သွားရလို့ တောင်းပန်ပါတယ်မေမေနဲ့ဖေဖေ။အရမ်းလဲချစ်ပါတယ်။

လက်မှတ်ထိုးမှာက ၁၀နာရီမှမို့ ဘုရားအတူတူသွားလိုက်သည်။မင်္ဂလာဦးအလှူအဖြစ် အလှူခံတွေထဲလည်း သူထည့်လိုက်သည်။သူမမရဲ့လက်ကိုတွဲပြီး ဘုရားရင်ပြင်ပေါ်ရောက်တော့ မထင်မှတ်ပဲ နေနွယ်နဲ့ တွေ့လိုက်သည်။ဘေးက အန်တီက ရုပ်ချင်းဆင်နေတာကြောင့် နေနွယ့်အမေထင်သည်။နေနွယ်က သူတို့ကိုမြင်တော့ လက်ပြနေတာ မမကသူတွဲထားတဲ့လက်ကိုဖြုတ်ချလိုက်ပြီး မမကလဲ လက်ပြန်ပြသည်။

"မေမေအားတုန်း ဘုရာအတူလာကြတာ ဒါက ဟေမာန်နွေဦး ဒါကကျတော့ မိုးမာန်နွေဦး တဲ့မေမေ သူတို့ကမောင်နှမတွေလေ"

မောင့်အချစ်ရဆုံးWhere stories live. Discover now