part-5

2.1K 21 0
                                    

ဟေမာန်တက္ကသိုလ်ထဲရောက်တော့ ဟေမာန့်ကိုစိုက်ကြည့်နေတဲ့ ထိုကောင်လေးကိုတွေ့ရသည်။သူမ သူ့ကိုသတိထားမိတာကြာပြီ ဖြစ်နိုင်လျှင် သူမကို ဘယ်သူကမှ လာမကြိုက်စေချင်။သူမဆီ လှမ်းလာနေတဲ့ ​ခြေလှမ်းတွေ ...

"ညီမ က ပထမနှစ်ကလား"

"ဟုတ်.."

သူမတစ်ခွန်းထဲပဲဖြေလိုက်သည်။ထိုလူကို စကားအများကြီးမပြောချင်..

"အော်  တစ်ခုခုအကူအညီလိုရင် ပြောလို့ရတယ်နော် အကိုက ကျောင်းသားသမ္မဂ္ဂခေါင်းဆောင်"

"ဟုတ်"

သူမခေါင်းငုံ့ထားရာမှ ရုတ်တရက်မော့ကြည့်လိုက်တော့ လေးထောင့်ဆန်ဆန်မျက်နှာနဲ့ ညိုတိုတိုနှာခမ်းပါလေးတို့က သူမကိုဖမ်းစားထားသလိုပင် ငေးကြည့်နေမိသည်။ အဝေးကနေပဲမြင်တွေ့ရတော့ ယခုလိုရုတ်တရက် အနီးကပ်ကြည့်လိုက်တော့ ခန့်ချောလေး နှားခမ်းမွှေးအနုစိမ်းလေးတွေက ဆွဲဆောင်မှုရှိလှသည်။

"အကို့ကို ဒီလောက်ကြည့်နေတာ ဘယ်လိုလဲ ချောရဲ့လား"

"အာ. မဟုတ်ပါဘူး"

သူမ ယောင်ပြီး ရှက်ကန်ကန် ငြင်းမိလိူက်သည်။

"အဲ့တာဆို မချောဘူးပေါ့"

"ချောပါတယ် "

ပြုံးပြီးရီနေတဲ့ သူ့မျက်နှာလေးကိုကြည့်ရင်း သူမစိတ်ထဲ အေးချမ်းသွားရသည်။ဒါဟာ နေနွယ်ပြောပြောနေတဲ့ အချစ်လား.. ဟင့်အင် ငါဒီတစ်သက် ယောက်ျားတွေနဲ့ ကင်းကင်းရှင်းရှင်းနေမယ်။

"ချောတယ်ပြောလို့ နောက်တစ်ခါဆုံရင် မုန့်လိုက်ဝယ်ကျွေးမယ် မငြင်းရဘူးနော် ဒါနဲ့ ညီမအမည်က ဘယ်လိုခေါ်လဲ"

"ဟေမာန်နွေဦး"

"အမည်ကလဲ ချစ်စရာလေး လူလိုပဲ"

သူမ ရှက်ရွံ့သလို ခံစားလာရတာမို့ မျက်နှာနဲ့ နှားတွေ ပူလာသည်။

"အတန်းချိန်ရှိလို့ သွားတော့မယ်နော်"

"အင်း  အကိုလဲ အတန်းရှိတယ် သွားရမဲ့ လမ်းကတူတော့ အတူသွားမယ်လေ"

သူမစိတ်ထဲကငြင်းချင်နေပေမယ့် ထုတ်မငြင်းမိ။ခေါင်းငုံ့ပြလိုက်သည်။သူမဘေး မိုးမာန်မဟုတ်တဲ့ကောင်လေးနဲ့ အတူယှဥ်တွဲသွားတာ ထိုကောင်လေးက ပထမဆုံးမို့ထင် ရင်တွေခုန်နေမိသည်။

မောင့်အချစ်ရဆုံးWhere stories live. Discover now