Part-6

395 14 0
                                    

Zaw

"ဘယ်နှပြားဝင်လဲဆိုတာ
နင့်အမေကို ပြန်မေးလိုက်လေ"

"ဘာ...နင်ဘာပြောတယ်"

ပန့်ရဲ့သည်းခံမှုက
ဦးစစ်တစ်ဦးထဲအတွက်သာ။

"နင်နားလေးနေလား...ငါက
အိမ်ဖော်မဟုတ်လို့ ဘယ်လောက်ရလဲ
ငါမသိဘူး...နင့်အမေက အိမ်ဖော်လေ
နင်ကိုယ်တိုင်မေးကြည့်ပေါ့"

"ပျို့လက်ရာပန်...နင်ငါ့ကို
သိက္ခာချနေတာလား...."

"ဪ...နင့်မှာ သိက္ခာရှိသေးတယ်လား"

"နင်..."

"ဟဲ့...ကောင်မ...နင်နဲ့ဘာဆိုင်လို့
ဝင်ပြောနေတာလဲ...နင့်အဆင့်နင်
မသိဘူးလား..."

ပွင့်ညှာဖြူနဲ့စကားအချင်းများ
နေတုန်း ဒေါ်ဖြူက စကားဝင်ဖြတ်၏။

"ဒီမှာအန်တီ...ကိုယ့်အဆင့်ကိုယ်မသိတာက
အန်တီတို့သားအမိပါ...ကျွန်မက
ရှင့်သူဋ္ဌေးရဲ့ဇနီးဆိုတာလည်း မမေ့နဲ့"

ပန့်စကားကြားတော့ ပွင့်ညှာနဲ့
အတူပါလာတဲ့ ကောင်မလေး
၂ယောက်က ယောင်လည်လည်နှင့်။

"ဒါကဘယ်လိုဖြစ်တာလဲ..."

"ဟုတ်တယ်...ဘယ်လိုဖြစ်တာလဲ"

အချင်းချင်းတီးတိုး ပြောနေကြသည်ကို
ပွင့်ညှာက မျက်နှာပျက်လျက်။

"မေမေ့..."

ပွင့်ညှာက ခြေဆောင့်ရင်း
ဒေါ်ဖြူ့လက်မောင်းကိုကိုင်၍
ဆူပူလျက် တိုင်တန်းလိုက်သလိုနှယ်။

"ဘာဇနီးလဲ...ဘာတွေလာပြောနေတာလဲ
ဒါကငါတို့အိမ်...နင်ရူးပြီးလျှောက်ပြော
မနေနဲ့"

"ဟုတ်တယ်...ငါက သူဋ္ဌေးသမီး
နင်မရနိုင်လို့ မနာလိုပြီးပြောမနေနဲ့
နင့်ပုံစံနဲ့ သူဋ္ဌေးရဲ့ဇနီးဖြစ်ချင်သေးတယ်
ပေါ့ နင့်ကိုယ်နင်ပြန်ကြည့်ဦး
သူတောင်းစားသာသာ ဘဝနဲ့"

"နင်....ပွင့်ညှာ နင်မရှက်ဘူးလား"

ရင်ထဲကိုတိုးဝင်လာတဲ့
စကားလုံးကြမ်းတွေက တစ်စီတစ်တန်း။
သူခိုးကလူပြန်ဟစ်တယ်ဆိုတာ
ဒါမျိုးကိုခေါ်တာ ထင်ပါရဲ့။

တရားမဝင်ဇနီးWhere stories live. Discover now