Part-24

407 10 1
                                    

Zaw

ပန့်ကိုမမလို့ခေါ်လာတဲ့
မိန်းကလေးကို ပန်အလန့်
တကြားကြည့်လိုက်တော့
မျက်ရည်လေးဝဲပြီး သူမအား
ကြည့်နေရှာသည့် ညီမလေး
လိုခင်ရတဲ့ အိမ်ဖော်မလေး
ထားဖြစ်နေ၏။

"ထား..."

နူတ်ဖျားက တိုးတိုးကလေး
ရေရွတ်လိုက်မိသည်။ ဒါကို
ဦးစစ်တို့ကြားမည်မထင်။

"မမ...ဟင့်"

"ဘာဖြစ်တာလဲ"

ထားကရှိုက်ကာ ငိုတုန်း
ဦးစစ်က မေးလာလေသည်။
ပန် ဘာဆက်လုပ်ရမှန်း
မသိဖြစ်နေရပြီး ခြေဖျား
လက်ဖျားတွေ အေးစက်လာ
ရသည်။


"သူဋ္ဌေး...မမလေ...ဒီ...အွန့်"

ဝမ်းသာအားရ ပြန်ပြောဖို့
ပြင်နေသည့် ထားစကားလေး
မဆုံးခင် ပန်ထားရဲ့နူတ်ခမ်း
တွေကို လက်ဖဝါးလေးနဲ့
အသာပိတ်၍ တားဆီးလိုက်၏။

"မမ...ပန့်ကိုပြောတာလား...
ပန်ဘာဖြစ်လို့လဲ...ထား...
ပန့်အကြောင်းသိလာတာလား...
မြန်မြန်ပြောစမ်း"

စိတ်ပူတကြီးနဲ့ မေးနေရှာ
သည့် ဦးစစ်ကိုကြည့်ပြီး
ပန်မျက်နှာလေးညိုးသွား
ရသည်သာ။

အနီကတော့ အခြေအနေကို
အကဲခတ်နေသလို ကြည့်
နေပြီးမှ နားလည်သွားသလို
တစ်ချက်ပြုံးလိုက်မိသည်။


အနီ့အတွက်
အခွင့်အရေးကို ကံတရားက
ပေးတာမဟုတ်ပဲ ပန်ဆိုတဲ့
ငတုံးမလေးက ပေးနေတာမို့
အနီကျေနပ်သွားမိခြင်းပင်။

တုံးလိုက်တာ....
စစ်ကနင့်ကိုရွေးချယ်ခဲ့တာတောင်
နင်က သူ့အနားမှာ အမည်မဖော်
ပဲ နေချင်နေတာကိုး...
ဒါကတော့ နင့်ထိုက်နဲ့နင့်ကံပဲ
ပန်....ငါကတော့စစ်ကို ငါ့ဘက်
စိတ်ပြန်လည်လာအောင် မရရတဲ့
နည်းနဲ့ ကြိုးစားရမှာပဲ...
အဲ့တော့...နင့်ကိုအသုံးချပြီး
ခုတုံးလုပ်ရမှာမို့ နင့်ကိုငါ
အရမ်းသနားမိတယ်သိလား...
ဟွင်း...


ခနဲ့သယောင် မဲ့ပြုံးလေး
ပြုံးနေပေမယ့် ပန့်ရဲ့မျက်လုံး
တွေက အနီ့ဆီမှာမရှိဘဲ
စစ်ကိုသာ မျက်ရည်တွေဝဲကာ
သိသွားမှာစိုးရိမ်နေသည့်နှယ်။

တရားမဝင်ဇနီးWhere stories live. Discover now