Part-26

282 7 0
                                    

Zaw

"မမ ဘာတွေလုပ်နေတာလဲ"

"ဦးစစ်စားဖို့အတှကျ ကြက်ဥပူတင်း
လုပ်ပေးနေတာ"

"သူဋ္ဌေးကစားပါ့မလား မမရဲ့
ခုနကတောင် ဒေါပွသွားတာကို"

"စားမှာပါ...ဦးစစ်က ပူတင်းဆိုရင်
အရမ်းကြိုက်တာလေ"

ပူတင်းလုပ်နေတုန်း အနားကို
ရောက်လာကာ စကားတွေ
လာပြောနေတဲ့ ထားကို
ပြန်ပြောရင်း အပူအပင်မရှိသလို
ပန်ပြုံးလိုက်မိသည်။

"မမ အခုလိုပြုံးနေတာကို
သူဋ္ဌေးသာတွေ့ရင် အရမ်း
ပျော်မှာ...မမ...သူဋ္ဌေးကို
အမှန်အတိုင်းပြောပြလိုက်
ပါလားဟင်..."

"ဟင့်အင်း...မမ... မပြောပြသေး
ဘူး ထား..."

"ဘာလို့လဲ မမရယ်...
သူဋ္ဌေးက မမကိုအရမ်းချစ်တာကို"

"မမသိပါတယ်... ဦးစစ်အခုလို
ဖြစ်ရတာ မမကြောင့်...မမက
သူ့ကိုအနှောင်အဖွဲ့ ကင်းကင်းနဲ့
နိုင်ငံခြားမှာ သွားခွဲစိတ်စေချင်တာ
အဲ့မို့ ထုတ်မပြောသေးတာပါ..."

"အင်း...မမပြောတာလည်း
မမှားပါဘူး...ပူတင်းက
လုပ်လို့ပြီးပြီလား မမ"

"ပြီးပြီလေ...မမအခု ဦးစစ်
အခန်းထဲ ယူသွားပေးလိုက်
ဦးမယ်"

"ဟုတ်မမ"


ထားနဲ့စကားပြောရင်း
ကြက်ဥပူတင်း ပူပူလေးကို
ပန်းကန်ထဲ လှည့်ထည့်ပြီး
ယူလာကာ မီးဖိုခန်းထဲက
ထွက်လာခဲ့၏။


ပန့်ခြေလှမ်းလေးတွေက
တဖြေးဖြေးနဲ့ ဦးစစ်ရဲ့
အခန်းကလေးဆီသို့ရောက်ချိန်
တံခါးအပြင်မှာ ခနရပ်၍...

"ဒေါက်....ဒေါက်...ဒေါက်..."

"ဝင်ခဲ့..."

တံခါးခေါက်လိုက်သည်နှင့်
ဘယ်သူလဲလို့ မေးမယ့်အစား
ဝင်ခဲ့ဟုဆိုသောကြောင့် ပန်
တံခါးဖွင့်ဝင်လိုက်တော့ ကုတင်
ပေါ်မှာ နေကာမျက်မှန်မပါဘဲ
ကုတင်စောင်းကိုမှီထိုင်နေတဲ့
ဦးစစ်ကိုတွေ့ရ၏။

"မိထားလား..."

သူမေးလိုက်ပေမယ့်
ဘာမှပြန်မပြောပုံထောက်ရင်
ဟိုစကားမပြောနိုင်တဲ့ မိန်းကလေး
ပဲ ဖြစ်မယ်လို့ တွေးလိုက်ပြီး...

တရားမဝင်ဇနီးWhere stories live. Discover now