Part-21

1K 19 2
                                    

Zaw

"တစ်ယောက်တည်းသွားလည်း
ရနေတာကို ဘာလို့အတင်းခေါ်
လာရတာလဲ အကိုရ"

ငြူစူပြီး ပြောလာတဲ့ ညီဖြစ်သူကို
ထင်ရှား မျက်ခုံးကြုတ်ကာ ကြည့်
ပစ်လိုက်သည်။

"ထက်မြတ်...မင်းက တကယ့်ကို
ငတုံးပဲ"

"ဟာ...အကိုထင်ရှား...ကိုယ့်
ညီကိုယ် အခုလိုပြောစရာလား"

Doctorနဲ့တွေ့၍ပြန်လာသည့်
လမ်းတွင် ညီအစ်ကို နှစ်ယောက်
စကားချင်းမလှယ်နေကြပေမယ့်
ဘုကလန့်သာ စကားတို့က
အပေါက်အလမ်းမတည့်။

Doctorက ဆရာ့အခြေအနေ
ပြန်ကောင်းလာနိုင်သည်ဆိုလို့သာ
သူ့မှာ ရင်အေးစွာ ပြန်လာနိုင်ခြင်းပေ။
မဟုတ်လျှင် စကားများတဲ့ ထက်မြတ်ကို
စိတ်မရှည်တဲ့သူ ထထိုးမိမလားမသိနိုင်။

"တော်တော့....အခန်းရှေ့ရောက်
နေပြီ မင်းစကားကိုရပ်လိုက်တော့
ထက်မြတ် "

"ဪ..."

ခပ်မာမာပြောခံလိုက်တာမို့
ထက်မြတ်စိတ်ထဲ ခုသွားသော်လည်း
အစ်ကိုအရင်းဖြစ်သလို၊ သူ့အား
အလုပ်ရှာပေးမည့် လူဖြစ်နေတော့
ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်ရသည်။

သူတို့နှစ်ဦး စကားကိုရပ်၍
တံခါးကိုဖွင့်လိုက်ချိန်ဝယ်....

"ဟမ်...အကို...မင်းရဲ့ဆရာကတော်က
အိပ်ပျော်နေတာထင်တယ်...ခနလေး
အပြင်သွားတာကို တော်တော်အအိပ်
မက်တာပဲနော်"

"အဲ့ဒါအိပ်နေတာမဖြစ်နိုင်ဘူး..."

ထက်မြတ်က စကားတွေပြောနေတာကို
လစ်လျူရူပြီး ခပ်ပြတ်ပြတ်ပြောကာ
ဆရာကတော် အနားကို
ပြေးသွားလိုက်သည်။ ဘာမှ
နားမလည်တဲ့ ထက်မြတ်ကတော့
ကြောင်အမ်းအမ်းနဲ့ပေါ့။

"အိပ်နေတာပါဆို...အကိုရာ"

"ဆရာကတော်...ဆရာကတော်...
ဆရာကတော် ထပါဦး"

သူပြောနေသော်လည်း စိုးရိမ်နေတဲ့
အကိုထင်ရှားက မိန်းကလေးရဲ့
ပခုံးတွေကို ဖွဖွကိုင်ရင်း လှုပ်နိုးပေမယ့်
နိုးမလာတော့မှ သူမျက်လုံးတစ်စုံဟာ
ပြူးကျယ်သွားလေသည်။

တရားမဝင်ဇနီးWhere stories live. Discover now