1(uni+Zg)

2.8K 201 34
                                    

ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ်မှုကိုပုံဖော်ထားခြင်းဖြစ်တာကြောင့် ကိုရီးယားနိုင်ငံနှောင်းပိုင်းကာလသမိုင်းများနှင့်များစွာကွဲလွဲမှုရှိနေနိုင်ပါသည်။

===================================

ဘီစီ 108ခုနှစ်........။

မန်ချူးရီးယား ပြည်နယ်သည် အကျယ်အဝန်းအားဖြင့် ၅ဝ၃, ဝ၁၃ စတုရန်းမိုင်းရှိ၍ တရုတ်နိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ ၈ ပိုင်း ၁ ပိုင်း ဖြစ်သည်။ မန်ချူးရီးယား ပြည်နယ်သည် မြေဩဇာကောင်းသော မြေပြန့်ဖြစ်၍ တောင်ကြီး တောင်ငယ်နှင့် မြစ်ပင်လယ်တို့ဖြင့် ပတ်ရံလျက်ရှိသည်။ တည်နေရာအားဖြင့်သော်ကား အရှေ့နှင့် အရှေ့တောင်ဘက်တွင် ကိုရီးယားနိုင်ငံ၊ မြောက်ဘက်တလွှားတွင် ရုရှဆိုက်ဗီးရီးယား၊ အနောက်မြောက် ယွန်းယွန်းတွင် မွန်ဂိုးလီးယား၊ အနောက်တောင်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဘက်တွင် ပင်လယ်ဝါတို့ဖြင့် ပတ်ရံလျက် ရှိသည်။ ယာလူးမြစ်သည် ကိုရီးယားနိုင်ငံနှင့် မန်ချူးရီးယားပြည်နယ်ကို ပိုင်းခြားထားသည်။ မန်ချူးရီးယား ပြည် နယ်၏ ရုံးစိုက်မြို့တော်မှာ မုကဒင်မြို့ဖြစ်၏။ အခြား မြို့ကြီးများကား ဒိုင်ရင်၊ ပို့အာသာ၊ ကီရင်တို့ ဖြစ်လေသည်။ မန်ချူးရီးယား ပြည်နယ်သည် မြေပြန့်လွင်ပြင်ကြီးဖြစ်၍ တသီးတခြား တည်ရှိသော တောင်တန်းကြီး ၃ ခုဖြင့်ဝန်းရံလျက်ရှိသည်။ မြေပြန့် လွင်ပြင်တွင် အပိုင်း ၃ ပိုင်းရှိ၏။

(Google မှကောက်နုတ်ထားခြင်းဖြစ်ပြီး ဒီနေရာမှစ၍စာရေးသူ၏စိတ်ကူးယဥ်မှုကိုပုံဖော်ထားခြင်းသာဖြစ်သည်။)

ထိုမြေပြန့်လွင်ပြင် အပိုင်းသုံးပိုင်းကို အရှေ့ပိုင်း ၊ အလယ်ပိုင်း၊ အနောက်ပိုင်းဟူ၍ပိုင်းခြားထားပြီး အနောက်ပိုင်းလွင်ပြင်ကတော့ တရုတ်နိုင်ငံနယ်နိမိတ်နှင့်ထိစပ်နေသည်။ ထိုအနောက်ပိုင်းဒေသကို မန်ချူးစပ် ကိုရီးယားလူမျိုးစုကအုပ်ချုပ်ပြီး အရှေ့ပိုင်းဂျိုဆွန်းပြည်နယ်နှင့်နယ်နိမိတ်ခြင်းထိစပ်နေသော ဒေသကိုတော့ ဂျိုဆွန်းလူမျိုးစုကအုပ်ချုပ်သည်။ အလယ်ပိုင်းဒေသတွင်တော့နေထိုင်သူလူမျိုးစုမရှိသလို အုပ်ချုပ်သူမျိုးနွယ်စု လည်းမရှိပေ။ အလယ်ပိုင်းဒေသသည်သစ်တောသစ်ပင်ထူထပ်ကာမြေဆီလွှာပို၍ကောင်းမွန်တာကြောင့် မျိုးနွယ်စုနှစ်စု၏ လိုချင်တပ်မက်မှုကိုအပိုင်းစားရထားသောဒေသဖြစ်သည်။

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now