16(uni+Zg)

802 114 32
                                    

အရှေ့ဒေသမှထွက်လာကတည်းက ဝတ်ရုံသုံးစုံသာထုတ်ပိုးထားသော ပိုးသားအနီရောင်အဝတ်ထုတ်ကို သေချာချည်နှောင်နေရင်းဖြင့် အိမ်ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။

ရန်သူတွေအဖြစ်တွေ့ဆုံခဲ့ကြပြီး ရန်သူအနေနဲ့ပြန်လည်ဝေးကွာရမည့်သူတို့၏ကံကြမ္မာက မိဘဆွေစင်လက်ထက်ထဲက ရန်သူတွေဖြစ်ခဲ့ကြခြင်းကြောင့် ထာဝရရန်သူတွေဖြစ်နိုင်သည်မှာရာခိုင်နှုန်းများလှသည်။ ဒီနေ့နှင့်ဆိုဒီအိမ်ထဲတွင်အပိတ်ခံထားရသည်မှာ သုံးရက်မြောက်ရှိသွားလေပြီဖြစ်သည်။

ထို့ကြောင့် ဒီနေ့ညတွင်တော့အိမ်ထဲမှရအောင်ထွက်ပြီး မိဘတွေအတွက်လက်တုံ့ပြန်ကာအနောက်ဒေသမှထာဝရထွက်ခွာရန်အတွက် အဆင်သင့်ဖြစ်နေလေပြီဖြစ်သည်။ ပါလာသည့်ဝတ်ရုံသုံးစုံထဲမှ နက်ပြာရောင်နှင့်ငွေမျှင်ရောင်ရောယှက်ထားသောဝတ်ရုံကိုလဲလှယ်၍ ဆံနွယ်တို့ကိုသပ်ရပ်စွာအမြင့်စီးနှောင်လိုက်ပြီး ချည်နှောင်နေကြ ဖဲကြိုးအနီဖြင့် ချည်နှောင်လိုက်သည်။

ထို့နောက် အနီရောင်ကတ္တီပါဘူးထဲတွင် အရောင်တောက်စွာ လှပနေသော ကျောက်စိမ်းဆံထိုးသည် ဟန်နိုင်ငံတွင်ရှိခဲ့ဖူးသော အမှတ်တရအနည်းငယ်ထဲမှအမှတ်တရပစ္စည်းတစ်ခုဖြစ်သည်။ ထိုကျောက်စိမ်းဆံထိုးကိုယူကာ သူ၏ဆံနွယ်ထက်တွင်ထိုးပန်လိုက်သည်။

======================

ကင်းတဲမှ ငါးချက်တီးအသံကိုကြားလိုက်ရသဖြင့် အရုဏ်တက်ချိန်သို့ရောက်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်။ အတူဆောင်ထား​နေကြဓားမြှောင်အား ဝတ်ရုံလက်ထဲသေချာထည့်၍ အဆိပ်ပုလင်းကိုယူကာ ပြတင်းပေါက်မှလူအရိပ်အကဲကိုကြည့်၍ အောက်သို့ခုန်ဆင်းလိုက်သည်။ အရုဏ်တက်ခါစအချိန်ဖြစ်ပြီး ဝတ်ဆင်ထားသည့်နက်ပြာရောင်ဝတ်စုံကြောင့် အမှောင်ရိပ်ကိုခိုကာလွယ်လင့်တကူဖြင့် စားဖိုဆောင်သို့သွားနိုင်ခဲ့သည်။

မီးအိမ်တို့ဖြင့်လင်းထိန်နေသောစားဖိုဆောင်အနားသို့ချဥ်းကပ်ကာ ဝါး​ခြမ်းတို့ဖြင့်တည်ဆောက်ထားသောစားဖိုဆောင်အား ဝါးခြမ်းကြားမှချောင်း၍ အထဲသို့ကြည့်လိုက်တော့ တနေ့ကတွေ့ခဲ့သည့်အစေခံအမျိုးသမီးသုံးဦးထဲမှ တစ်ဦးသာတွေ့ရသည်။ ထိုအစေခံအမျိုးသမီးသည် ထမင်းအိုးထဲမှထမင်းတို့ကို ပန်းကန်လုံးတွေအထဲသို့လိုက်ထည့်နေသည်။

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now