5(uni+Zg)

942 138 13
                                    

Jimin အိမ်အပေါ်ပြန်ရောက်တော့ ကုတင်ခြေရင်းတွင်စားပွဲခုံအပုလေးဖြင့် မနက်စာစားသောက်နေသောJungkookကိုတွေ့ရသည်။ Jungkookသည် သူ့အားတစ်ချက်သာမော့ကြည့်ပြီး စားစရာရှိသည်ကိုဆက်စားနေသည်။

သစ်သားစားပွဲအနိမ့်ပေါ်တွင် ဟင်းလျာအစုံအလင်ဖြင့် ထမင်းပန်းကန်ကနှစ်လုံးဖြစ်နေသည့်အတွက်Jiminကအနားသို့လျှောက်သွားလိုက်ကာ

"ဟို.......ဒါကကျွန်ုပ်အတွက်လား"

မစားရသေးသောထမင်းအဖြူပန်းကန်လုံးကိုညွှန်ကာမေးလိုက်တော့ ပလုတ်ပလောင်းဖြင့်သူကမော့ကြည့်လာပြီး ထိုပန်းကန်ကိုသူ၏အရှေ့သို့ယူလိုက်ကာ

"ကျုပ်စားဖို့.....တစ်ပန်းကန်ထဲမဝလို့"

Jiminသည် ထမင်းတွေအားအတင်းထိုးသွတ်နေသောသူကိုကြည့်၍အားနာစိတ်ဝင်လာပြီး

"ဟို.......မနက်ကဗိုက်ဆာနေတာနဲ့ Han Moကိုခေါ်ပြီးစျေးထဲသွားကြည့်ရင်းမနက်စာစားလာခဲ့လိုက်တယ်........တောင်းပန်ပါတယ်"

"စားပေါ့ ကျုပ်ကဘာလုပ်ပေးရမှာလဲ"

"အဲ့ဒါဆိုလည်း အခုHan Moနဲ့အပြင်ခနလိုက်သွားလိုက်ပါဦးမယ်"

"နေဦး!!"

Jimin သည် လှည့်ထွက်တော့မည့်အချိန်တွင် အလျင်စလိုခေါ်လိုက်သူကြောင့်အနောက်သို့ပြန်လှည့်ကြည့်တော့ Jungkookက သူ၏နှုတ်ခမ်းတွင်ပေပွနေသည်များကိုဝတ်ရုံလက်အနားစဖြင့် သုတ်ပြီးသူ့ဆီသို့လျှောက်လာသည်။ ထို့နောက်လက်နှစ်ဖက်ကိုအနောက်သို့ပစ်လိုက်ကာ ချောင်းဟန့်၍

"အိမ်ထောင်သည်ဖြစ်ပြီးသူစိမ်းယောကျာ်းသားတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်နေတာမသင့်တော်ဘူး........ကျုပ်က အိန္ဒြေရရနေတယ့်သူမို့ မျက်နှာပျက်စရာတွေမဖြစ်စေနဲ့"

"ဘာ!!"

Jiminသည် လက်နောက်ပစ်ကာလေယူလေသိမ်းနှင့်ပြောနေသောသူ၏စကားကိုနားထောင်နေရင်းမှ သူ့ကိုအိမ်ထောင်ရေးဖောက်ပြန်မည့်သူလိုလိုပြောလာသည့်စကားကြောင့်

"ဒီမှာ! ကျွန်ုပ်ကဘာလုပ်နေလို့လဲ မရောက်ဖူးတယ့်ဒေသမို့လို့ ဒေသခံကိုလိုက်ပို့ခိုင်းတာဘာမှားလို့လဲ!!!"

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now