15(uni+Zg)

814 113 20
                                    

'စိတ်ပင်ပန်းလွန်ပြီး အိပ်ပျော်သွားတာပါ......သွေးခုန်နှုန်းကနှေးနေပါတယ်........အစားများများစားပြီးအိပ်ရေးဝဝအိပ်လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ သခင်လေး.......'

သမားတော်ပြောသွားသည့်စကားများကြောင့် စိတ်ရှုပ်စွာသက်ပြင်းချမိသည်။ အိပ်ယာခင်းပေါ်တွင် နှစ်ခြိုက်စွာအိပ်မောကျနေသူ၏ဘေးတွင် အတွေးပေါင်းများစွာဖြင့် ထိုင်နေမိသည်မှာမနက်အရုဏ်တက်ချိန်အထိပင်ဖြစ်သည်။

မနက်နိုးလာသည့်အချိန်တိုင်း ရင်ခွင်ထဲကလေးတစ်ယောက်ကဲ့သို့တိုးဝင်အိပ်နေတတ်သော သူ မရှိခဲ့သည်မှာရက်ပေါင်းမနည်းဖြစ်နေလေပြီ။ အိပ်ယာဘေးတွင်အသင့်ရောက်နေပြီဖြစ်သော မနက်စာစားပွဲဝိုင်းကိုလျစ်လျူရှု၍ ဦးရီးတော်စေခိုင်းထားသည့်ကိစ္စကို အကောင်အထည်ဖော်ရန်အိမ်အတွင်းမှထွက်လာခဲ့သည်။

ခြံဝိုင်းထဲသို့ရောက်သည်နှင့် အကြည့်ပေါင်းစုံကသူ့ထံသို့ရောက်လာတော့သည်။ မအောင်မြင်လိုက်သောကိစ္စရပ်အား ပြန်လည်လုပ်ဆောင်ရန်အတွက်သူ၏ရန်သူဖြစ်သော Jeon သခင်ကြီး၏ အိမ်တော်အနီးတစ်ဝိုက်အားအကဲခတ်ရန်ထွက်လာခဲ့သည်။

"အစကတည်းကမဖြစ်သင့်တယ့်ကိစ္စပဲလေ ယောကျာ်းအချင်းချင်းလက်ဆတ်ပြီးတော့ဘာလုပ်လို့ရလို့လဲ အခုအဲ့ဒါကြောင့်သခင်ကြီးကမျိုးဆက်အတွက်စိတ်ပူနေရတာပေါ့........."

စားဖိုဆောင်ဘေးမှဖြတ်သွားချိန်တွင် အဆောင်အတွင်းမှပြောဆိုနေကြသောစကားသံတို့ကြောင့် မရည်ရွယ်ပဲ နားထောင်မိသွားသည်။

"ကြင်ယာတော်သာမိန်းကလေးဆိုရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ.......လှလည်းလှတယ် မျက်နှာလေးကအေးချမ်းနေရော"

"အမလေး အချိန်ပြည့်ဆူပုပ်နေတယ့်ရုပ်ကိုများ.........မျက်နှာထားက သခင်လေးနဲ့အပြိုင် အချိန်ပြည့်မျက်မှောင်ကျုံ့ထားတယ်"

"လှပါတယ် အဒေါ်ကြီးကလည်း......."

စားဖိုဆောင်အတွင်းငြင်းခုန်နေသည့်စကားများကိုဆက်၍နားမထောင်တော့ပဲ ဆက်လျှောက်လာခဲ့သည်။ Jeon သခင်ကြီး၏ အိမ်တော်သို့ရောက်ခါနီးတွင် အိမ်တော်၏ ခပ်လှမ်းလှမ်းတွင်ရှိသော ရေတွင်းမှရေသယ်နေသော Mi Jar ကြောင့် လက်သီးနှစ်ဖက်အလိုအ​ေလျာက်ဆုပ်မိလျက်ဖြစ်သွားသည်။ မမြင်ချင်ယောင်ဆောင်ကာ ရှေ့ဆက်သွားရန်ခြေလှမ်းပြင်လိုက်သော်လည်း အရှေ့တွင်ပိတ်ရပ်လာသော ထိုမိန်းကလေး........

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now