4(uni+Zg)

969 134 18
                                    

ညာလက်ရုံးHan Mo မှ ညစာစားရန်လာခေါ်သဖြင့် အိမ်အောက်သ်ို့ဆင်းလာခဲ့ရသည်။ အရှေ့မှလက်နောက်ပစ်ကာ ဘော်ကျော့လျှောက်နေသောသူသည် အနောက်မှပစ်ကန်ချင်စရာကောင်းလှအောင်အမြင်ကပ်ဖို့ကောင်းလွန်းနေသည်။

"ဒီမှာ!"

ခေါ်လိုက်တော့လည်းအနောက်ကိုလှည့်ကြည့်လာသူက ညနေကရန်ပွဲကိုမကျေနပ်သေးသည့်ပုံ ဘုဆက်ဆက်ဖြင့်လှည့်ကြည့်လာသည်။

"ညစာကိုဘယ်ဒေသအထိသွားရောက်စားရမှာလဲ"

ခြံ၏အနောက်ဘက်ဆုံးအိမ်မှ ထွက်လာခဲ့သည်မှာတောင်ဘက်သို့ဦးတည်ပြီးသွားနေသောကြောင့်မေးလိုက်ခြင်းဖြစ်သည်။

"ကျုပ်တို့မျိုးနွယ်စုက အစားအစာကိုလူစုံညီအောင်စားကြတယ်........အခုကကျုပ်အဖေရဲ့အိမ်ကိုသွားနေတာ........စားပွဲကအဲ့ဒီမှာ........မနက်စာ၊နေ့လည်စာ၊ညစာ မိသားစုအနွယ်အားလုံးစုပြီးစားကြတယ်"

Jungkookပြောပြသည်ကို Jiminက ငြိမ်ကာနားထောင်နေသည်။

"အခု အသင်ကလည်းကျုပ်ရဲ့ကြင်ယာဆ်ိုတော့ မိသားစုစာရင်းဝင်ပြီလေ"

ခြံဝန်းသည် ညအမှောင်ကို ခွင်းရန်မီးတုတ်များစိုက်ထားသည့် အတွက် ဘေးမှလူသား၏မျက်နှာသည်မီးရောင်ဟပ်ကာ ရွှေကဲ့သို့ ခပ်ဝင်းဝင်းလေးဖြစ်နေသည်။ ကြင်ယာဟူသောစကားကိုအခုထိအသားကျပုံမရသေးသောသူက ထပ်၍ ပန်းသီးလိုနီလာပြန်သည်။ မီးတုတ်အရောင်ကြောင့် ရွှေလိုဝင်းနေသောအသားအရေပိုင်ရှင်ကိုကြည့်၍ နာမည်တစ်ခုပေးမိလိုက်ပြန်သည်။

ရွှေပန်းသီး........။

"မြန်မြန်သွားကြမယ် ကျုပ်ဗိုက်ဆာနေပြီ"

အရှေ့မှခြေလှမ်းကျဲကြီးများဖြင့်သွားနေသောသူအနောက်ကို အလျင်ပင်လိုက်သွားရသည်။ သူသည်လည်းဗိုက်အဆာလွန်နေပြီလေ။

ခြံဝိုင်းထဲတွင် အကြီးဆုံးဟုသတ်မှတ်၍ရလောက်သောအိမ်တစ်အိမ်ရဲ့ အရှေ့သို့ရောက်လာပြီး အထဲသို့ဝင်လိုက်သည်။ Jungkookအနောက်မှလိုက်ရင်းဖြင့် အခန်းတစ်ခုအရှေ့သို့ရောက်သည့်အခါ Han Moဆိုသည့်သူက တံခါးဖွင့်ပေးသဖြင့် သူတို့နှစ်ဦးကထိုအခန်းထဲသို့ဝင်လိုက်သည်။

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now