12(uni+Zg)

869 130 20
                                    

ဟန်နိုင်ငံတော်မှအပြန် လေးရက်မြောက်နေ့တွင်လမ်းခရီးမှာအနောက်ဒေသ၏တောင်ကြားသို့ ရောက်လာပြီဖြစ်သည်။ ခရီးကြမ်းလမ်းဖြစ်တာကြောင့် ဝေါယဥ်ကို မ ၍သွားရမည့်သူများအတွက်အဆင်မပြေဖြစ်နေသောကြောင့် ထိုနေရာတွင်သာ ဝေါယဥ်သယ်သမားများနှင့်မြင်းထိန်းများကို ဟန်နိုင်ငံသို့ပြန်၍စေလွှတ်လိုက်ပြီး မြင်းကိုယ်စီဖြင့်သာ အနောက်ဒေသနယ်နိမိတ်အထဲသို့ပြန်၍ဝင်လာခဲ့ကြသည်။ ဝေါယဥ်ထဲတွင်လည်း တပူးပူးတကပ်ကပ်လုပ်နေသူက အခုလည်းသူ၏မြင်းအနက်ကြီးပေါ်တွင် သူ့အားအရှေ့တွင်ထိုင်စေသည်။

"ဘယ်လ်ိုတွေဖြစ်နေတာလဲ!! အနောက်မှာ လူတွေရှိတယ်မမြင်ဘူးလား!!"

Jimin သည် အနောက်မှနေ၍နားရွက်အားကိုက်လိုက် ပါးအားဖိနမ်းလိုက်လုပ်နေသူကို စိတ်မရှည်စွာအော်လိုက်တော့သည်။ အရှေ့တွင် ကိုယ်ရံတော်တပ်သားသုံးဦးရှိနေပြီး အနောက်တွင်Han Moနှင့် Ae Suu က ရှိနေသဖြင့် အနေအထိုင်ဆင်ခြင်စေရန် ဟန့်လ်ိုက်သော်လည်းမျက်နှာပြောင်တိုက်စွာ ပို၍တိုးဖက်လာပြီး

"သခင်လေးကလည်း~~~~~ သူများပြုတ်ကျမှာကိုမစိုးရိမ်ဘူးလားဟင်~~"

ရင်ဘက်ကိုလက်ဖြင့်အစုံအဆန်ပွတ်သပ်နေပြီး နားအနားသို့ကပ်ကာငြူစူစူပြောနေသူအား အနောက်သို့လှည့်ကြည့်လိုက်ကာ

"မိန်းမပျိုလေးကပြုတ်ကျမှာကိုကြောက်နေရင် သပ်သပ်မြင်းတစ်ကောင်စီးပါလား.......သပ်သပ်မဲ့မြင်းကိုပင်ပန်းရအောင်လို့"

Jiminသည် သူတို့နှစ်ယောက်အားပိုးထားရသော မြင်းအနက်ကြီး၏ လည်ဆံမွှေးအားလက်တစ်ဖက်ဖြင့်ပွတ်ပေးရင်းပြောလိုက်သည်။ထိုအခါ Jungkookက Jiminအားမှီထားရာမှ လက်တစ်ဖက်ဖြင့်ခါးကိုဖက်ပြီး ကျန်လက်တစ်ဖက်က မြင်း၏လည်ဆံမွှေးကိုပွတ်ပေးနေသော လက်တစ်ဖက်အပေါ်အုပ်မိုး၍ကိုင်လျက်သားပွတ်ပေးကာ

"ဒီကောင်ကို ကျုပ်သေချာမွေးထားတာပါ.......လူနှစ်ယောက်လောက်ကတော့အသာလေးပဲ ဒီကောင်ကကျုပ်လိုပဲသန်မာပြီးကြံ့ခိုင်တယ် အခုဒီအနေအထားအတိုင်းတောင်ပြေးနိုင်တယ်"

ထိုသို့ပြောတော့ မျက်နှာမဲ့ရွဲ့ကာ အနောက်လှည့်ကြည့်လာသူက အသည်းယားစရာအတိပင်။

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Opowieści tętniące życiem. Odkryj je teraz