13(uni+Zg)

851 120 23
                                    

ဂျိုဆွန်းပြည်တွင် အထင်ကရရှိသော နတ်ကွန်းမှရှင်နော် (နတ်ဆရာမ) ယောမီဦး သည် ဂျိုဆွန်း၏အောင်နိမိတ် သင်္ကေတကို နေကြတ်လကြတ်ချိန်တွင်တွက်ဆကာ ဇာမဏီငှက်အဖြစ် သတ်မှတ်ခဲ့သည်။ ဇာမဏီငှက်သည်ငှက်များထဲတွင်အင်အားအကြီးဆုံးနှင့်အမြင့်ဆုံးပျံနိုင်ပြီးရှားပါးသည့်မျိုးစိတ်ဖြစ်တာကြောင့် တစ်မ်ိုးအောက်မှာတစ်ယောက်ဖွား အင်အားကြီးသူအဖြစ် လူအများကြားတွင်ထွန်းပေါက်သောသူအ​ဖြစ် နိမိတ်ဆောင်ကာဂျိုဆွန်းပြည်၏အောင်နိမိတ်အဖြစ်သတ်မှတ်ခဲ့သည်။

ထိုသို့သတ်မှတ်ပြီးချိန်တွင် ဂျိုဆွန်းဘုရင်မင်းတရားကြီးက နိုင်ငံအလံကိုဇာမဏီပုံရိုက်နှိပ်စေပြီး ပြည်ကြီးသည်လည်းပို၍သာယာဝ​ပြောလာတော့သည်။ ထိုသို့အင်အားကြီးကာတဖြေးဖြေးကြွယ်ဝလာသော ဂျိုဆွန်းပြည်ကိုဟန်နိုင်ငံမှ နှောင်းဧကရာဇ်တစ်ပါးက ( ယခုလက်ရှိမတိုင်ခင်ကဧကရာဇ်ကိုဆိုလိုခြင်းပါ။) မနာလိုစိတ်မွေးကာ ဂျိုဆွန်းပြည်၏အမြစ်အဖျားများဖြစ်သော ဒေသငယ်တို့ကိုတိုက်ခိုက်ကာဆူပူမှုများပြုလုပ်တော့သည်။ ဟန်နိုင်ငံ၏ဧကရာဇ်နှင့် အနောက်ဒေသ၏ Jeonမျိုးနွယ်စုခေါင်းဆောင်၏သားဖြစ်သူ (ယခုသခင်ကြီး Jeon)နှင့်အတူ နယ်မြေငယ်များကိုသိမ်းပိုက်ခဲ့ကြသည်။ ထိုသို့သိမ်းပိုက်လာခဲ့ရင်းမှ ဂျိုဆွန်းပြည်နှင့်အနီးကပ်ဆုံးဖြစ်သောအရှေ့ဒေသကိုပါစစ်ချီလာတော့သည်။ ထိုသတင်းကြောင့်ဂျိုဆွန်းနန်းတွင်းတွင်လည်း သဘောထားကွဲလွဲမှုများဖြစ်လာပြီး စစ်ပွဲကိုဦးဆောင်လာသူမှာအင်အားကြီးဟန်နိုင်ငံဖြစ်တာကြောင့် ဝင်ပါရန်ခက်ခဲနေခဲ့သည်။ ဇာမဏီငှက်အဖြစ်နိမိတ်ဆောင်ပြီးနောက်ဖြစ်လာသောတိုက်ပွဲကြောင့် ဇာမဏီတိုက်ပွဲဟူ၍ မည်သူစပြောလို့ပြောမှန်းမသိပါးစပ်ရာဇဝင်တိုက်ပွဲအမည်ဖြစ်သွားခဲ့သည်။

=======================

"အမေ......အဖေကပြန်မလာသေးဘူးနော် ဘာဖြစ်လို့လဲဟင်"

အရှေ့ဒေသမျိုးနွယ်စုခေါင်းဆောင်၏ကြင်ယာတော်သည် သူမသားတော်၏ဆံနွယ်တို့ကိုဖြီးသင်ပေးနေရင်းဖြင့် ယဲ့ယဲ့လေးပြုံးကာဖြေလိုက်သည်။

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now